Minhla News

0 0
Read Time:2 Minute, 5 Second

မင်းလှမြို့ရှိ ထွေအုပ်ရုံးကို ဗုံးခွဲတိုက်ခိုက်ရန်လုပ်ဆောင်စဉ် ပြည်သူများရှိနေသဖြင့် ဖျက်သိမ်းခဲ့ရ

 

D Day News

မေလ ၂၉

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ ဗိုလ်ရုံတန်းရပ်ကွက်ရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံး (ထွေ အုပ်ရုံး) တွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် လုပ်ဆောင်နေစဉ် ပြည်သူများရှိနေသဖြင့် ဖျက်သိမ်းခဲ့ရကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် မင်းလှမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် လုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်သားများ အနီးသို့ ပြည်သူအချို့ အချိန်ကိုက် ရုတ်တရက်ရောက်ရှိလာသဖြင့် ဖောက်ခွဲတိုက်ခိုက် မည့်အစီအစဉ် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များက ဗုံးခွဲရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး အခက်အခဲများကြားမှ အသက်နှင့်ရင်းကာ အချိန်ယူပြင်ဆင်ခဲ့ရသော်လည်း ပြည်သူများ ထိခိုက်မှုမရှိစေရန်ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အသိ ပေးထားသည်။

 

မိဘပြည်သူလူထုအနေဖြင့် စစ်ဆင်ရေးများ အောင်မြင်စေရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲ၊ အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီး စသည့်စစ်ကောင်စီလက်အောက်ခံ တပ် စခန်း များ၊ ရုံးများအနီး နေထိုင်သွားလာခြင်း မပြုလုပ်ကြခြင်းဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ် ခံထားသည်။

Photo – ပုံဟောင်း

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *