Putao News

1 0
Read Time:3 Minute, 7 Second

ပူတာအိုမြို့နယ်တွင် တိုက်ပွဲအတွင်း ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်း အပါအဝင် စစ်ကြောင်းတစ်ခုလုံနီးပါးသေဆုံး

 

D Day News

မေလ ၂၈

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်တွင်တ တိုက်ပွဲဖြစ်ပြီး ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါးသေဆုံးသွားပြီး တပ်ပျက် သွားကြောင်း ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်ထံက သိရသည်။

 

မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းအပါအဝင် စစ်ကြောင်းတစ် ကြောင်း လုံးနီးပါး သေဆုံးသွားပြီး အနည်းငယ်သာအရှင်ဖမ်းမိခဲ့ကြောင်း၊ အချို့စစ်သားများမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

Photo – ပူတာအိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

“ဘယ်လောက်သေတယ်ဆိုတောတော့ အရေအတွက် အတိအကျမသိရဘူး၊ တစ်ယောက်ဖမ်းမိ၊ ၃ ယောက်မိ၊ တစ်ချို့ကမတွေ့တာရှိတယ်ဆိုတော့ ရှေ့တန်းထွက်နေ

၏တဲ့တပ်ရင်းတစ်ခုလုံးလို့ ပြောလို့ ရတယ်။ ရှေ့တန်းထွက်တဲ့ ၁၃၇ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်သွားတာပေါ့” ဟု ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ပြောကြားသည်။

 

ယင်းတိုက်ပွဲများအတွင်း ခလရ ၁၃၇ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းကို ပူတာအိုမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ – KPDF က ဒဏ်ရာများဖြင့်အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုပေးနေစဉ် ဖမ်းမိပြီးနောက်တစ်နေ့၌ သေဆုံးသွားကြောင်း သိသည်။

 

“ပူတာအိုမြို့နယ်ထဲမှာ PDF တွေနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ဒဏ်ရာတော်တော်ပြင်း ပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာ ဖမ်းမိတာ။ ဒါပေမယ့် သူရထားတဲ့ဒဏ်ရာက ခြေတွေလည်းကျိုး၊ လက်တွေလည်းကျိုးဆိုတော့ ဖမ်းမိတဲ့အချိန်မှာ‌ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ကအတတ်နိုင်ဆုံး ဆေးတော့ကုပေးခဲ့တယ်။ သို့သော်လည်း သူ့ရဲ့သွေးထွက်လွန်ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာပြင်းထန် တဲ့အတွက်မိုလို့ ဖမ်းမိတဲ့နောက်တစ်ရက်မှာပဲ သူအသက်ထွက်သွားပါတယ်။ ၁၃၇ က မချမ်းဘောမြို့ အခြေ စိုက်တပ်ရင်းကတော့ ကျနော်မြေပြင်သတင်းတွေအရ သိရသလောက်ကတော့ ရှေ့တန်းမှာ ဖွဲ့စည်းပုံလည်းပျက်သွားပြီ။ အင်အားလည်း ကုန်သလောက်ဖြစ်သွားပြီ ” ပူတာအိုမြို့နယ်တော် လှန် ရေးအင်အားစု သတင်းရင်းမြစ်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *