NUG News

0 0
Read Time:5 Minute, 32 Second

ရခိုင်ပြည်နယ်တွင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် စစ်ကောင်စီတွန်းပို့နေပြီး အတိတ်ကကြုံခဲ့ဖူးသည့် အမှားကို သင်ခန်းစာယူရန်လိုအပ်

 

  • အညာဒေသရှိ ပသုံးလုံးအဖွဲ့များအပေါ်ဝေဖန်ချက်ချက်များနှင့်ပတ်သက်၍ လူထုအတွင်း ကွင်းဆင်း စစ်ဆေးကြည့်ရှုရန်လိုအပ်

 

D Day News

မေလ ၂၈

 

ရခိုင်ပြည်နယ်တွင် လူမျိုးရေး ပဋိပက္ခဖြစ်စေရန် စစ်ကောင်စီကတွန်းပို့နေပြီး အတိတ်က ကြုံခဲ့ဖူး သည့် အမှားကို သင်ခန်းစာယူရန် လိုအပ်ကြောင်း NUG အစိုးရ၊ နိုင်ငံတော်ယာယီ သမ္မတဒူဝါလရှီးလ တိုက်တွန်းပြောကြားသည်။

 

ယနေ့ မေလ ၂၈ ရက် တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

 

လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ၏ လွတ်မြောက်ရေးတိုက် ပွဲများသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် အောင်ပွဲများရရှိနေပြီး အနောက်တံခါးပြသနာဟု ခေါ်သည့် ပထဝီနိုင်ငံရေး ပြသနာသည် ကိုလိုနီစ်နစ်၏ အမွေဆိုးအနေဖြင့် ယနေ့အချိန်အထိ တတိတိခံစား နေရကြောင်း၊ ယခုအခါ ရိုဟင်ဂျာ အရေးကို အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေး ပဋိပက္ခဖြစ် စေရန် တဖန်ကြံစည်တွန်းပို့နေကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

 

“ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင် ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန် တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ် လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။

 

လူမျိုးရေးအကဲဆတ်သည့် ကိစ္စရပ်များကို အလေးအနက်ထား၍ ရှုမြင်ချဉ်းကြရန် လိုအပ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူးသားဝါဒနှင့် လူ့အခွင့်အရေးအပေါ် အခြေခံသည့် ရှုမြင် ချက်များနှင့် လက်ရှိတည်ဆဲဖြစ်ရပ်များကို ချဉ်းကပ်နိုင်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

 

“လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချဉ်းကပ်မှု အမှားတွေကို သင် ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်း ဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံ ကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ် ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ဧရိယာအတွင်းရှိ ပြည်သူ့အုပ်ချုပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် လူမှုဝေဖန်ပြောဆို၊ ထောက်ပြမှုများတွေ့ရှိနေရပြီး လက် တွေ့ အရှိတရားအပေါ် ထောက်ပြမှုများရှိသလို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက် သည့် ဝေဖန်ချက်များလည်း တွေ့ရှိနေရသည်ဟု ဆိုသည်။

 

“ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန် ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်းတန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်။ လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိ တွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည် ပါတယ်။” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးက ပြောကြားသည်။

 

လက်ရှိ အခြေအနေသည် ခုခံတော်လှန်စစ်အောင်ပွဲများ၌ ပယောဂမှိုင်းများ ပူးဝင်ကပ်ငြိမှု မရှိ စေရန် နိုင်ငံရေး အသိ၊ နိုင်ငံရေး သတိဖြင့် ထိန်းသိမ်းပြီး ကြိးစားလျှောက်လှမ်းကြရန် နှင့်တဖက်တွင်လည်း လူထုထဲမှ အသံစစ်စစ်ကို ကြားနိုင်ရန် အစိုးရအဖွဲ့တစ်ခုလုံး သတိထားရမည်ဖြစ်ကြောင်း အသိပေး ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *