Sagaing News

0 0
Read Time:5 Minute, 22 Second

စစ်ကိုင်း-ရွှေဘို လမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် မတ္တရာမြို့နယ်မှ ထွက် လာသော စစ်ကြောင်းကို ဗုံးကျဲ၊ မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

 

D Day News

မေလ ၂၇

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်းပေါ်တွင် ဆက်ကြေးကောက်နေသော စစ်သား များနှင့် မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ၊ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရတနာပုံ တပ်ဦးထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၆ ရက် နံနက် ၁၀ နာရီကျော်ခန့က စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုခရိုင်ချင်း ဆက်လမ်း (စစ်ကိုင်း-မုံရွာ သံလမ်းဆုံ) တွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား မတရား ဖမ်းဆီးခြင်း၊ ငွေတောင်းရမ်းခြင်းများ ပြုလုပ်နေသောအကြမ်းဖက်စစ်သား ၃၀ ကျော်ကို Drone ဖြင့်ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ‌ နေထိုင်ရာ ကားပေါ်သို့ တည့်တည့် ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲမှုကြောင့် ကစဉ့်ကလျားထွက်ပြေးနေသည့် အကြမ်းအကြမ်းဖက်စစ်သားများကို မိုင်း ကွင်းအတွင်းအရောက် အဝေးထိန်းမိုင်း ၄ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှုရှိပြီး ဒရုန်းဖြင့် ဗုံးကျဲ ၊ မိုင်းခွဲတိုက်ခိုက်မှုအတွင်း စစ်သား ၁၀ ဦး ထက် မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး စစ်ကိုင်းမြို့မှ နာရေးကားများဖြင့် လာရောက်သယ် ဆောင်သွားကြောင်း သိရသည်။

“စစ်ကိုင်းထဲမှာချတာက ထပ်တိုးသေလဲ တစ်ယောက်နှစ်ယောက်ပဲ၊ အဲဒီလမ်းဆုံနေရာကို ကားနဲ့လာ ပြီး ပိုက်ဆံကောက်တာ၊ မနေ့ကတော့ စစ်ကိုင်းတပ်မ ၃၃ ထဲကနေ အင်အားထပ်ဖြည့်တယ်။ ဒီနေ့‌ တော့ မသိရသေးဘူး” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ စစ်ကိုင်းမြို့နယ် ဇုန် ၄ ပကဖ တာဝန်ခံကိုဂျိုး ဦးဆောင်သောအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာ အထိုင်စခန်းမှ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး ရှေ့ဆက်မတိုးရဲပဲ ပြန်ဆုတ်သွားကြောင်း ရတနာပုံ တပ်ဦးထံမှ သိရသည်။

 

မေလ ၂၆ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မတ္တရာမြို့နယ်၊ ပန်းယျရွာ အထိုင်စခန်းမှ အနောက်ဘက်သို့တိုးလာသော အကြမ်းဖက် စစ်သားများကို တုံကုန်းသုဿန်အရောက် တထောက် နားနေစဉ် Fixed Wings Drone ၂ စီး ဗုံး သီး ၂ ဖြင့် စတင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ တုံကုန်းရွာအနီး 53 အုပ်စက်သို့ ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။

 

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်ပါတယ်။ ပန်ယျအထိုင်စခန်းထဲမှာရော တုံကုန်းသုဿန်နေရာမှာ ရော တိတိကျကျ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပါတယ်။ အတိအကျ သိရဖို့ကတော့ စုံစမ်းနေတုန်းပါပဲ” ဟု ရတနာပုံ တပ်ဦး တာဝန်ခံ ကိုကီရီက ပြောဆိုသည်။

 

ထို့ပြန်ဆုတ်သွားသည့် အကြမ်းဖက်စစ်တပ် စစ်သား 53 အုပ်စက်ထဲသို့ အရောက် နံနက် ၁၀ နာရီ အချိန်တွင် ဗုံးသီး ၂ လုံးဖြင့်ထက်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ထို 53အုပ်စက်ထဲမှ ဆက်မထွက်ရဲတော့ပဲ ပုန်းအောင်းနေခဲ့ကြောင်း၊ ထို့သို့ ပုန်းအောင်းနေသည့် အကြမ်းဖက်စစ်သား များကို မနက် ၁၁ နာရီမိနစ် ၃၀ အချိန်တွင် ဗုံးသီး ၁ လုံးချ ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ယင်းတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကြောင်းမှာ ရှေ့သို့ ဆက်မတက်လာရဲတော့ပဲ မွန်း တည့် ၁၂ နာရီအချိန်တွင် ပန်ယျအထိုင်စခန်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အကြမ်းဖက် စစ် သား များ ပန်ယျကျေးရွာအထိုင်စခန်းသို့အရောက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ အချိန်တွင် Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချကာ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ) ၊ 7 PDF (MDY) တို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *