Pakokku News

0 0
Read Time:1 Minute, 53 Second

ပခုက္ကူမြို့နယ်၊ ဖလံအိုရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံး

 

D Day News

မေလ ၂၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – SRF မှ ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၂၆ ရက် နံနက် ၄ နာရီခန့်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့- S.R.F ၏ မဟာ မိတ်တပ်ဖွဲ့များဖြစ်ကြသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊PRFနှင့် ABSDF တပ်ဖွဲ့တို့ ပါဝင်သည့် မဟာမိတ်စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်စခန်းသိမ်းပိုက်နိုင် ရန် လက်တစ်ကမ်းအလိုအထိ ကပ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုသည် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကူ အင်အား အများအပြား ရရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးကာ ဒဏ်ရာရသူများစာရင်း နောက်ဆက်တွဲအခြေအနေကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

 

ယင်းတိုက်ပွဲအတွင်း မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ – ဗက သများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ရင်းမှ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရသည် ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီနစ် အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *