GanGaw News

0 0
Read Time:2 Minute, 23 Second

ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာ လက်နက် ကြီး ဖြင့် ပစ်ခတ်ခဲ့ရာပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

 

D Day News

မေလ ၂၆

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြင်(ရှောက်ပင်)ရွာထဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၅၀ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၈ လနှင့် ၄ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယနေ့မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်ခဲ့ရာ အောင်မြင်(ရှောက်ပင်)ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးပေါ်သို့ အသီးသီး ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ်နှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့သေဆုံးကာ အသက် ၆၀ အရွယ် အဖွားတစ်ဦး၊ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၈ လအရွယ် ယောက်ျားလေးတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှမရှိပဲနဲ့ လျှောက်ရမ်းပစ်နေတာ။ နေအိမ် ၂ လုံးကလည်း လုံးဝပျက်စီးသွားတယ်၊ အမျိုး သမီးတစ်ဦးဆိုရင် အလောင်းပါ ကောက်မရတဲ့အထိ အစအနပျောက်သွားတာ။ ပထမ တစ်ချက်ပစ် တော့ အမျိုးသးတစ်ဦးသေတယ်။ ဒုတိယတစ်ချက်မှာ အမျိုးသမီး ၂ ဦးထက်ထိသေတာ၊ ဒဏ်ရာရတဲ့ ၄ နှစ်အရွယ်မိန်းကလေးဆိုရင် လက်ဖြတ်ရမယ်လို့ သိရတယ်။ သူတို့ကိုတော့ နီးစပ်ရာ ဆေးအဖွဲ့ တွေက ကူညီပေးထားတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အနီးအနားကျေးရွာများကို လက်နက်ကြီး များဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း ကြိုတင်သတိထားနေထိုင် ပေးကြပါရန် ယောအလင်းတန်းမှ မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *