Thetyet Chaung News

0 0
Read Time:2 Minute, 8 Second

သရက်ချောင်းမြို့ပေါ်ရှိ သံတံတားထိပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၇ ဦး သေဆုံး

 

D Day News

မေလ ၂၅

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ် ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ အကြမ်းဖက်စစ်တပ် ဂိတ် စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။

 

ယနေ့ မေလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်ခန့်မှ ၆ နာရီ ၂၅ မိနစ်ခန့်အထိ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်ရှိ သံတံတားထိပ်၌ အထိုင်ချကာ ဂိတ်ဖွင့်ပြီး ပြည်သူများအပေါ် မတရား စစ်ဆေး ကာ ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်သား နှင့် ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက် ခဲ့ရာ ၇ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင်း အကြမ်းဖက်စစ်တပ်က စစ်ကူအင်အား အများအပြားရောက်ရှိလာသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကော်သူးလေအာမီ (KTLA) ၊ ဗိုလ်အယ်ခွီး ဦးဆောင်သော K.T.L.A နှင့် ဒေါင်း ညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ဒေါင်းညီနောင်စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ စစ်အုပ်စုနှင့် နီးစပ်သော နေရာများကို မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက စစ်ရေး သတိရှိစွာ ဖြတ်သန်းသွားလာကြပါရန် ဒေါင်းညီ နောင်စစ် ကြောင်းက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *