Salin News

0 0
Read Time:1 Minute, 33 Second

စလင်းမြို့နယ်၊ ကုန်းကြားရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြား ဒဏ်ရာရ (ရုပ်သံ)

 

D Day News

မေလ ၂၅

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကုန်းကြားရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံ မှ သိရသည်။

 

မေလ ၂၄ ရက် နံနက်ပိုင်းက အင်အား ၈၀ ခန့်ဖြင့် စလင်းမြို့နယ်၊ ကုန်းကြားရွာကို စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“သေမသေကတော့ မသိရသေးဘူးဗျ။ ဒဏ်ရာရတာတွေတော့များတယ်။ ပကစ ၂၁ ထဲကန ကားနဲ့ ထွက်လာတင်ပြီး ချက်ချင်း ဆုတ်သွားတာ။ ထွက်လာတုန်းကလည်း ကပစ ၂၁ ကထဲနေပဲ ထွက် လာတာ၊ ကျနော်တို့ရဲဘော် တွေအားလုံးဘေးကင်းပါတယ်” ဟု မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ၊ မိုးကြိုးပြောက်ကျား တပ်ရင်း ၁၀၁ နှင့် စလင်း (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *