Taunggoo News

0 0
Read Time:3 Minute, 47 Second

တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးတွင် ၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ဦးသေဆုံး

 

D Day News

မေလ ၂၄

 

ပဲခူးတိုင်း၊‌ တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးတွင် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ် ရင်း ၃၅၀၁ တပ်ခွဲ ၁ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၃ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်မှစ၍ ကညင်မြောင် တိုက်နယ်၊ မြပင်ကူး ကျေးရွာအနီးတဝိုက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အထိုင်ချနေသော အကြမ်းဖက်စစ်သားများ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၁ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရှင်း လင်းခဲ့ ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၃ ရက်ဆက်တိုက်ဖြစ်နေတာ၊ မေလ ၂၁ ရက်နေ့ကတည်းကပဲ၊ အရင်နေ့တွေက ကျန်နေသေးတဲ့ စစ်ခွေးတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန်တိုက်ပွဲ ၃ နာရီလောက်ကြာခဲ့တာ၊ ၁၅ ဦး သေပြီးတော့ ၃ ဦးဒဏ်ရာရတယ်ဆိုတာ မျက်မြင်အတည်ပြုနိုင်ခဲ့တာပါ” ဟု တောင်ငူခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ် ရင်း ၃၅၀၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးအနားရှိ သာယာကုန်းကျေးရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးကာ မြပင် ကူးကျေးရွာ မြောက်ဘက်ရှိ ကျွဲဒိုင်ရွာသို့ ဆုတ်ခွာသွားကြောင်း၊ သေဆုံးအကြမ်းဖက်စစ်သား အလောင်းများကိုလည်း ကျွဲဒိုင်ရွာအနီသို့ သယ်ဆောင်ကာ ထန်းလျက်ရွက်များဖြင့် အုပ်ထား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများကို လိုက်လံရှာဖွေကာ ခြေမှုန်းလျက်ရှိကြောင်း အသိပေးထားသည်။

 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မေလ ၂၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်ခေါက် စိန်ကျေးရွာမှ မြပင်ကူးကျေးရွာဘက်သို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး မေလ ၂၁ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၁ မှ ရဲဘော်များတိုက်ခိုက်ခဲ့ရာ စနိုက်ပါ ထိမှန်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၂၂ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်ကလည်း မြပင်ကူးကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားစဉ်စနိုက်ပါဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *