ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်း ၂ ခု ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ဦး သေဆုံး (ရုပ်သံ)
D Day News
မေလ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစခန်း ၂ ခုကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၃ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။
မေလ ၂၁ ရက် ညနေ ၄ နာရီ မှ ည ၁၂ နာရီအထိ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အရှေ့ဘက်ရှိ အောင် သာ ပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း၊ အလားတူ မေလ ၂၂ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကြဲ ချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။
မေလ ၂၂ ရက် ညနေ ၆ နာရီတွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၏ အရှေ့ဘက်ရှိ အောင်သာ ပျူရွာ စခန်းကို ဖျက်အားပြင်း ဒရုန်း ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစခန်းအတွင်းရှိ စခန်းတဲ ၂ ခု မီး လောင်ပြာကျသွားပြီး ပျူခေါင်းဆောင် ကျော်မောင်၏ ဒုလက်ထောက် တင့်ဇော်မှာ နေရာမှာပင် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအာင်သာပျူသည် နယ်စဉ်လှည့်မီးရှို့သည်ဟု နာမည်ကြီးသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra Force ၊ Kamma Defence Force (KMDF) ၊ DMG (ဓားမင်းကြီး) ၊ Kamma Undergroung ၊ Pakokku People Defence Force – PPDF နှင့် Pakokku Special Task Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။
မေလ ၂၃ ရက် နံနက် ၆ နာရီမှ ၁၁ နာရီအချိန်အထိ ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူကျေးရွာကို ဒရုန်း ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၂ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) ၊ Kamma Defence Force (KMDF) ၊ DMG (ဓားမင်းကြီး) ၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့ ၊ ဒေါင်းရင်သွေး ၊ People Defence Force Kamma ၊ နယ်စည်းမခြား Freedom ဖက်ဒရယ်စစ်ကြောင်း ၁ ၊ BLY ပျောက်ကြားတပ်ဖွဲ့ ၊ Joker ပျောက်ကြားတပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
D Day News