BGF News

0 0
Read Time:36 Minute, 55 Second

ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်၏ ရာဇဝတ်စီးပွားကွန်ရက်အား ဖော်ထုတ်

 

အပိုင်း -၂

 

ရထိုက်မြို့သစ်

 

ကရင် BGF/KNA တပ်နှင့် She Zhijiang တို့အကြား မိတ်ဖက်ဆောင်ရွက်မှုဖြင့် ရွှေကုက္ကိုလ်မြို့ကို နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ ရာဇဝတ်လုပ်ငန်း ဗဟိုချက်အဖြစ် တည်ဆောက်ခဲ့သည်။

 

She Zhijiang သည် Kriang Kai Tang, She Lunkai, Dylan She စသည့် နာမည်ဝှက်အများအပြား ဖြင့် သိရှိကြသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသားဖြစ်မှုရရှိခဲ့သူ တရုတ်စီးပွားရေးသမား တစ်ဦး ဖြစ်သည်။

 

၎င်းသည် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာဖမ်းဝရမ်းဖြင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ဆောင်နေသည်ဆိုသည့် စွပ်စွဲချက်များအား စစ်ဆေးရန်အတွက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးပို့ရန် စောင့်ဆိုင်းလျက်ရှိသည်။

 

ရွှေကုက္ကိုလ်ရှိ လူကုန်ကူးမှုများနှင့် ဆက်နွှယ်မှုများကြောင့် ၂၀၂၃ ခုနှစ်တွင် She Zhejiang အား ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

 

ရထိုက်ကုမ္ပဏီဝဘ်ဆိုဒ်တွင် “ရထိုက်ခေတ်မီစက်မှုမြို့သစ် (ရထိုက်မြို့သစ်) သည် အမေရိကန် ဒေါ် လာ ၁၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍ ၁၃၀,၀၀၀ ဧကရှိ မြေဧရိယာပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ဘလော့ချိန်းလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေး၊ အပန်းဖြေမှုနှင့် ခရီးသွားလုပ်ငန်းများ အ တွက် အထူးဇုန်များ ပါဝင်မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

 

ကုမ္ပဏီအနေဖြင့် အဆိုပါမြို့သစ်ဖော်ဆောင်မှုကို အထူးစီးပွားရေးဇုန် (SEZ) အဖြစ် ရည်ညွှန်းပြော ဆို လေ့ ရှိပြီး ယင်းပြောဆိုချက်ကို အစီရင်ခံစာများစွာတွင်လည်း ဖော်ပြသုံးစွဲမှုများရှိသော်လည်း မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်အဖြစ် တရာဝင် သတ်မှတ်ထားခြင်းမျိုးကား မရှိပေ။

မြို့သစ်စီမံကိန်းအတွက် ကနဦးသဘောတူစာချုပ်ကို စံမြင့် (စောချစ်သူ)နှင့် Yatai Philippines ကို ကိုယ်စားပြုသော She Zhijiang တို့က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးကြပြီး နောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်ပြည်ပစွန့်ဦးတီထွင် သူများအဖွဲ့ချုပ် ညီလာခံတွင် စီမံကိန်းလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ သည်။

 

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကောင်စစ်ဝန် Xie Guoxiang တက်ရောက်ခဲ့သည်။ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ပတ်သက်သည့် ညီလာ ခံ တွင် စံမြင့် (စောချစ်သူ) က မိန့်ခွန်းပြောကြားခဲ့ပြီး ကရင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။

 

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် She Zhijiang နှင့် ကရင် BGF တပ်တို့သည် ရွှေကုက္ကိုလ်မြို့တွင် “ရထိုက်မြို့သစ်” ဖော်ဆောင်ရန် ဖက်စပ်ကုမ္ပဏီတစ်ခုအဖြစ် Myanmar Yatai International Holding Group Company Limited (မြန်မာရထိုက်) ကို တည်ထောင်ခဲ့သည်။

 

စောမင်းမင်းဦးသည် ကရင် BGF/KNA တပ်ကို ကိုယ်စားပြုသည့် တစ်ဦးတည်းသော ရှယ်ယာရှင်နှင့် ဒါရိုက်တာ ဖြစ်သည်။ မြန်မာရထိုက် ကုမ္ပဏီတွင် Shi Zhijian အပြင် မလေးရှားနိုင်ငံသား ဒါရိုက်တာ နှ င့် အနည်းစုရှယ်ယာရှင် နှစ်ဦးဖြစ်သည့် Lim Jun Jie နှင့် Chow Tian Yu တို့ ပါဝင်ပြီး၊ ၎င်းတို့ နှစ် ဦးလုံးသည် မလေးရှားနိုင်ငံ၊ ဆာရာဝက်ခ်ပြည်နယ်မှ ဖြစ်သည်။ ၎င်းတို့၏ နေထိုင်သည့်လိပ်စာ များ ကို ကွာလာလမ်ပူမြို့တော်တွင် တည်ရှိသည့်ခန်းနားသောဇိမ်ခံကွန်ဒို DC Residensi condominium ၏ ဘေးပတ်ဝန်းကျင် လူနေတိုက်ခန်းများကို ထည့်သွင်းဖော်ပြထားသည်။

 

ရထိုက်ကုမ္ပဏီသည် ဟောင်ကောင်တွင်လည်း မှတ်ပုံတင်ထားပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရုံး ချုပ် တည်ရှိကြောင်း ဖော်ပြထားသည်။

 

ယင်း၏ ဟောင်ကောင်ကုမ္ပဏီ Yatai International Holding Group Limited သည် ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့အထိ စာရင်းအရ မှတ်ပုံတင်ထားဆဲ ဖြစ်ပြီး၊ Kriang Kai Tang (She Zhijiang ၏ ကမ္ဘောဒီးယားနာမည်) သည် တစ်ဦးတည်းရှယ်ယာရှင်နှင့် ဒါရိုက်တာ ဖြစ်သည်။

 

ဟောင်ကောင်ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ထည့်သွင်းထားသည့် She Zhijiang ၏ နေရပ်လိပ်စာ သည် ဘန်ကောက်ခရိုင်၊ ဟွေ့ခွမ်ဧရိယာတွင် ဖြစ်သည်။

 

အဆိုပါဟောင်ကောင် ကုမ္ပဏီကို တရုတ် နိုင်ငံ သား Wang Zihao ဆိုသူက တစ်ဦးတည်း ရှယ်ယာ ရှင် နှင့် ဒါရိုက်တာအဖြစ် ၂၀၁၇ ခုနှစ်၊ ဇန်န ဝါရီလတွင် တည်ထောင်ခဲ့ပြီး၊ ၎င်း ထည့်သွင်းထားသော လိပ်စာသည် She Zhijiang ၏ ဇာတိဖြစ် သော ဟူနန်ပြည်နယ်တွင် ဖြစ်သည်။

 

ရထိုက်၏ ထိုင်းကုမ္ပဏီ Ya Tai International Holding Group Company Limited ကို ၂၀၁၇ ခု နှစ်၊ ဒီဇင်ဘာလတွင် မှတ်ပုံတင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီစာရင်း ဖျက်သိမ်းခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီ၏ တစ်ဦးတည်း ဒါရိုက်တာသည် ထိုင်းနိုင်ငံသား Chalermchai Yookam ဆိုသူဖြစ်ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာရှင်များအဖြစ် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးနှင့် တရုတ် နိုင်ငံသား နှစ်ဦးကို ဖော်ပြထားသည်။

 

ရှယ်ယာရှင်အမည်များကို ထိုင်းကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် အများပြည်သူ ကြည့်ရှုနိုင်ခြင်းမရှိ၍ မသိရှိရသော်လည်း ကုမ္ပဏီ၏ ၉၈ ရာခိုင်နှုန်းအား ထိန်းချုပ်ထား သည့် ကမ္ဘောဒီးယားနိုင်ငံသား ရှယ်ယာရှင်မှာ ကမ္ဘောဒီးယားနိုင်ငံသားအဖြစ် ခံယူထားသည့် Shi Zhijiang ဖြစ်သည်ဟု ယူဆနိုင် သည်။

 

ထိုင်းကုမ္ပဏီ၏ လိပ်စာသည် ဟောင်ကောင်ကုမ္ပဏီမှတ်ပုံတင် ရာတွင် Shi Zhijiang အသုံးပြု ထားသည့် ဟွေ့ခွမ်လိပ်စာပင် ဖြစ်သည်။

 

သို့ရာတွင် ရထိုက်ကုမ္ပဏီက ဘန်ကောက်၊ ဖာရာထိုင်းခရိုင်ရှိ အခန်း ၃၀ ပါ ဟိုတယ်တစ်ခုကို လိပ် စာအဖြစ် ၎င်းတို့ ဝဘ်ဆိုဒ်တွင် ဖော်ပြထားပြီး၊ ၎င်းသည် Bizotel Bangkok ၏လိပ်စာနှင့် ထပ်တူ ကျနေသည်။ Bizotel သည် Yatai ရုံးလိပ်စာနှင့်ပတ်သက်သည့်မေးခွန်းများကို ပြန်လည်ဖြေကြား ခြင်းမရှိပေ။

 

မြန်မာရထိုက်ကုမ္ပဏီသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂.၅ သန်းဖြင့် အ ဆင့် မြင့်အိမ်ရာများ တည်ဆောက်၊ လုပ်ကိုင်၊ ငှားရမ်းခြင်း လုပ်ဆောင်ရန် Shi Zhijiang (၎င်း၏ ကမ္ဘောဒီး ယားနာမည် Tang Kriang Kai ကို အသုံးပြု၍) နှင့် စောမင်းမင်းဦးတို့၏ အမည်ဖြင့် မြန် မာ နိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်ထံ လျှောက်ထားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက် ရရှိခဲ့ သည်။

 

ထိုနှစ်တွင် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (Karen Peace Support Network) အဖွဲ့က အဆိုပါစီမံကိန်းနေရာ၌ လူ ၁၀,၀၀၀ ဝန်းကျင်ခန့် အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းခဲ့ပြီး၊ အများစုသည် နိုင်ငံခြားမှ ဖြစ်သည်ဟု ဆိုသည်။

 

ယင်းစီမံကိန်းနှင့် ပတ်သက်၍ မြေယာသိမ်းဆည်းမှုများ၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှုများနှင့် တရား မဝင် လုပ်ငန်းများကြောင့် အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာများပေါ်တွင် ဝေဖန်မှုများ ရှိလာပြီး နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် မြန်မာအစိုးရသည် ၂၀၂၀ ခုနှစ်တွင် ရထိုက်မြို့သစ် ဖော်ဆောင်ရေးလုပ်ငန်းကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ပြီး၊ ယင်းကြောင့် ဆောက်လုပ် ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကာ၊ ကရင် BGF တပ်၏ မှောင်ခိုလုပ်ငန်းများအတွက် ဖိအားများ ဖြစ်လာခဲ့သည်။

သို့ရာတွင် ကရင် BGF တပ်သည် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရေးအတွက် အ ပြန် အလှန်အနေဖြင့် စစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းများတွင် ဦးဆောင်ပါဝင်ရန် တရားမဝင် အာ ဏာသိမ်းကြိုးပမ်းမှုမတိုင်မီ ရက်သတ္တပတ်များအတွင်းကပင် မြန်မာစစ်တပ်နှင့် သဘောတူညီမှု ရရှိခဲ့ ကြောင်း သိရသည်။ ထို့နောက် ရွှေကုက္ကိုလ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ သည်။

 

၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ Shi Zhijinag အဖမ်းခံရပြီးနောက် မြန်မာရထိုက်ကုမ္ပဏီသည် Bangkok Post နှင့် The Nation သတင်းစာများတွင် ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 

ယင်းထုတ်ပြန်ချက်တွင် ကုမ္ပဏီအနေဖြင့် ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ရွှေကုက္ကိုလ်တွင် “တရားဝင်အိမ်ခြံမြေဖွံ့ဖြိုးရေး” လုပ်ငန်းကိုသာ လုပ်ဆောင်လျက်ရှိ ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

 

သက်သေအထောက်အထားအဖြစ် ကုမ္ပဏီ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ကိုးကားခဲ့ပြီး၊ ရွှေကုက္ကိုလ်ကို မြို့အဖြစ် အဆင့်မြှင့်တင်ရန် မြန်မာအစိုးရ၏ ၂၀၂၀ ဒီဇင်ဘာလအ တွင်းက အစီအစဉ်ကိုလည်း ကိုးကားခဲ့သည်။

 

၂၀၂၃ ခုနှစ်တွင် ယူကေနိုင်ငံက She Zhijiang အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။

 

အကြောင်းပြချ အနေဖြင့် ၎င်းသည် “ရွှေကုက္ကိုလ်သို့ လူကုန်ကူးမှုများအား ပံပိုးကူညီပေးခြင်း သို့မ ဟုတ် လူကုန်ကူးမှု များမှ အကျိုးအမြတ် ရရှိနေခြင်းအတွက် တာဝန်ရှိသူဖြစ်ကြောင်း၊ လူကုန်ကူး ခံရသူများအနက် အင်္ဂလိပ်စကားပြောသူများအား ပစ်မှတ်ထား၍ လိမ်လည်သူအဖြစ် အတင်းအကြပ် လုပ်ဆောင်စေပြီး၊ ၎င်းတို့သည် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကိုယ်ထိလက်ရောက်စော်ကားမှုများ၊ အခြား သော လူမဆန်သည့် ရက်စက်မှုများနှင့် ယုတ်ညံ့သောဆက်ဆံမှုများ ပြုလုပ်ခံရကြောင်း” ဖော်ပြထား သည်။

 

ရထိုက်ကုမ္ပဏီသည် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများအပေါ် တုန့်ပြန်ရာတွင်လည်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်ကိုသာ လက်ညှိုးထိုးညွှန်ပြခဲ့ပြီး၊ ယူကေနိုင်ငံအနေဖြင့် ရထိုက်မြို့သစ် သို့ ကွင်းဆင်းစစ်ဆေးနိုင်ရေး ကိုယ်စားလှယ်များ စေလွှတ်ရန် မျှော်လင့်ကြောင်း ဖော်ပြထားသည်။

 

Shi Zhijiang ဖမ်းဆီးခံရမှုနှင့် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေသော်လည်း ရထိုက်ကုမ္ပဏီသည် ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်အတွင်း လက်ဖက်ခြောက်ဘူးများ ရောင်းချသည့် ဆိုင်တစ်ဆိုင်ကို ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်သည်။

 

မဲဆောက်လေဆိပ်ကို ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ လေဆိပ်များဌာန က စီမံခန့်ခွဲသည်။ ရထိုက်ဆိုင်ခန်းနှင့်ပတ်သက်ပြီး Justice For Myanmar ၏ မေးမြန်းမှုကို လေဆိပ်များဌာနက ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

ရထိုက်ကုမ္ပဏီသည် ရွှေကုက္ကိုလ်တွင် နာမည်ကြီးအထပ်မြင့်ဟိုတယ်တစ်ခုနှင့် ကာစီနိုရုံတစ်ခုကို ဖွင့်လှစ်လုပ်ကိုင်ကြောင်း၊ ယင်းဟိုတယ်နှင့်ကာစီနိုရုံသည် ၂၀၂၄ ခုနှစ်တွင်လည်း လုပ်ငန်းများ ဆက် လက် လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်းကို ဟိုတယ် Facebook စာမျက်နှာနှင့် ဝန်ထမ်း အလုပ် ခေါ်  ပို့စ်များအရ သိရသည်။

 

ဟိုတယ်ဧည့်ကြိုဌာန ကြီးကြပ်သူအရာရှိ၏ LinkedIn စာမျက်နှာ တွင် ဟိုတယ်အား အမေရိကန် ကုမ္ပဏီ Oracle ၏ ဟိုတယ်စီမံခန့်ခွဲမှုစနစ် OPERA အား အသုံးပြုထားသည့် အခန်း ၁၁၈ ခန်းပါ ဝန်ဆောင်မှုပြည့် ကာစီနိုဟိုတယ်တစ်ခုအဖြစ် ဖော်ပြထားသည်။

Justice For Myanmar အနေဖြင့် ရထိုက်၏ ဆော့ဖ်ဝဲလ်အသုံးပြုမှုနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် Oracle မှ ပြန်လည်တုံ့ပြန် ဖြေဆို မှု မရရှိခဲ့ပါ။

 

အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရှိခြင်းကြောင့် ရထိုက်ကုမ္ပဏီသည် အမေရိကန် ကုမ္ပဏီများထံမှ ဆော့ဝဲလ်များ လွတ်လပ်စွာ ဝယ်ယူနိုင်ခြင်း ဖြစ်သည်။

 

ရထိုက်ကုမ္ပဏီသည် ၎င်းတို့ကုမ္ပဏီအုပ်စုတွင် စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီ လီယံနှင့် ဝန်ထမ်း ၃,၅၀၀ ကျော်ရှိကြောင်း ဆိုသည်။

 

သို့ရာတွင် ရရှိသောစာရင်းကိန်းဂဏန်းများ အရ ရွှေကုက္ကိုလ်စီမံကိန်းဖော်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီး မြှုပ် နှံမှုကော်မရှင်ထံမှ ခွင့်ပြုမိန့်ရရှိခဲ့သည့် မြန်မာရထိုက်ကုမ္ပဏီသည် စာရင်းပျောက် လုပ် ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ညွှန်ပြနေသည်။

 

လျှို့ ဝှက်ပေါက်ကြားလာသည့် မြန်မာရထိုက်ကုမ္ပဏီ၏ ၂၀၁၉-၂၀၂၂ ဘဏ္ဍာရေးရှင်းတမ်းများတွင် ဝင်ငွေ ရရှိခြင်းမရှိကြောင်း ဖော်ပြထားပြီး၊ အသုံးစရိတ်အများစုသည် လစာပေးချေခြင်းအတွက် အ သုံးပြုထားည့် မပြောပလောက်သော အသုံးစရိတ်ပမာဏကိုသာ တွေ့ရသည်။

 

စောမင်းမင်းဦး လက်မှတ်ရေးထိုး၍ ၂၀၂၂ ခုနှစ်တွင် စစ်အုပ်စု ထိန်းချုပ်ထားသော ပြည်တွင်း အခွန် များ ဦးစီးဌာနထံ တင်သွင်းခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဘာဏ္ဍာရေး ရှင်းတမ်းများတွင် နည်းပါးလှသည့် လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်ကို သာ ဖော်ပြထားပြီး၊ ယင်းအသုံးစရိတ်၏ အများစုမှာလည်း လစာအတွက်သာဖြစ်သည်ကို တွေ့ရ သည်။

 

မြန်မာရထိုက်ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ ၆ လစာအတွက် ကျပ်ငွေ ၁၃.၈ သန်း (ကုမ္ပဏီဖော်ပြထားသော ငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၉,၁၇၀)၊ ၂၀၂၀-၂၁ ဘဏ္ဍာရေး နှစ် အတွက် ကျပ်ငွေ ၂၆.၈ သန်း (အမေရိကန် ဒေါ်လာ ၁၇,၈၅၂)၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ငွေ သန်း ၄၀ (အမေရိကန်ဒေါ်လာ ၂၆,၆၇၆) အရှုံးပေါ်ကြောင်း အစီရင်ခံထားသည်။

 

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီ၏ စုစုပေါင်း လိုငွေပြမှုမှာ ကျပ် ၁.၀၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁၄,၉၄၄) သာ ရှိခဲ့သည်။

 

ထိုကာလအတွင်း မြန်မာရထိုက်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ခရိုနီပိုင် CB Bank ၏ ဘဏ်အကောင့် တစ်ခု တည်းကိုသာ ဖော်ပြထားပြီး၊ ယင်းဘဏ်အကောင့်ကို အသုံးပြုမှုလည်း အလွန်နည်းပါးသည်။

 

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာဖြင့် အသုံးပြုထားသည့် ယင်း ဘဏ်အကောင့်တွင် စာရင်းဖွင့်လက်ကျန် အမေရိကန်ဒေါ်လာ ၁ သန်းရှိသည်။

 

ယင်းနှစ်တွင်ပင် အမေရိ ကန်ဒေါ်လာ ၁.၉ သန်းကို ဘဏ်အကောင့်သို့ အပ်နှံခဲ့ပြီး၊ အမေရိကန် ဒေါ်လာ ၂.၉ သန်းကို ငွေသားဖြင့် ထုတ်ယူခဲ့သည်။

 

ထုတ်ယူခဲ့သည်မှ အမေရိကန်ဒေါ်လာ ၂.၄ သန်းခန့်ကို “ဒါရိုက်တာထည့်ဝင်ငွေ” အဖြစ် ပေးချေခဲ့ ခြင်းဖြစ်သည်။

 

ထို့ကြောင့် ကုမ္ပဏီ၏ လက်ကျန်ငွေသည် အမေရိကန်ဒေါ်လာ ၃၈,၉၉၉.၉ သာ ကျန်ရှိခဲ့ပြီး၊ ယင်း လက်ကျန်စာရင်းသည် ၂၀၂၂ ခုနှစ် မတ်လအထိ နောက်ထပ်ငွေသွင်းငွေထုတ် မရှိ၍ အပြောင်းအလဲ မရှိပေ။

 

ရထိုက် ထိုင်းကုမ္ပဏီတွင်လည်း အလားတူ ငွေအသွင်းအထုတ် အနည်းငယ်သာ ရှိသည်။

 

ဥပမာအား ဖြင့် ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ထိုင်းကုမ္ပဏီမှတ်ပုံတင်ဌာနမှ ရရှိနိုင်သည့် အ ချက် အလက် များတွင် အခွန်ဝင်ငွေ ထိုင်းဘတ် ၉၈၇,၀၀၀ (အမေရိကန်ဒေါ်လာ ၂၈,၅၀၀) မှ အမြတ်ငွေ ထိုင်းဘတ် ၉၇၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂၈,၁၀၀) ရှိကြောင်း ဖော်ပြထားသည်။

 

 

ကရင် BGF/KNA တပ်သည် ရွှေကုက္ကိုလ်အတွက် ဘဏ္ဍာရေးကူညီရန် ထိုင်းဘဏ်များနှင့် ဆွေးနွေး ပြော ဆိုမှုများ ရှိခဲ့သော်လည်း သဘောတူညီချက်များ ရရှိခဲ့ခြင်း ရှိမရှိကိုမူ Justice For Myanmar အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။

 

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် KASIKORNBANK Public Company Limited ဘဏ်၊ Bangkok Bank Public Company Limited ဘဏ်၊ Krungthai Bank Public Company Limited ဘဏ်နှင့် နိုင်ငံပိုင် Export–Import Bank of Thailand (EXIM Bank) ဘဏ် တို့၏ ကိုယ်စားလှယ်များသည် “ဖွံ့ဖြိုးလာသောစီးပွားရေးလုပ်ငန်းအတွက် အလာအလားရှိသော ဘဏ္ဍာရေးအကူအညီများ ဖော် ထုတ်ရန်” ရွှေကုက္ကိုလ်သို့ သွားရောက်ခဲ့သည်။

 

ကရင် BGF/KNA တပ်၏ ထိုင်းနိုင်ငံသား လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Chumroen Benchavitvilai ၏ Facebook တွင် တင်ထားသည့် ကိုယ်စားလှယ်များ၏ ဓါတ်ပုံများတွင် ကိုယ်စားလှယ်များသည် ကရင် BGF တပ် ချုပ်ကိုင်ထားသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဂိတ်မှတဆင့် လှေဖြင့် ဖြတ်သန်း သွားရောက် ခဲ့သည်ကို တွေ့နိုင်ပြီး၊ ထိုထဲမှ တစ်ဦးသည် Kasikorn Bank ပိုလိုရှပ်အင်္ကျီကို ဝတ်ဆင် ထား သည်။

 

ထိုလတွင်ပင် Benchavitvilai သည် ဖားအံမြို့ရှိ Centara Hotels & Resort အတွက် ကျင်းပသော အခန်းအနားတစ်ခုသို့ တက်ရောက်ခဲ့ပြီး၊ ထိုအခမ်းအနားတွင် စောထူးအယ်မူးကို ထိုင်းဘဏ်ကိုယ် စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံအမတ်ကြီး Suphatra Srimaitreephithak တို့နှင့် မိတ် ဆက်ပေးခဲ့သည်။

 

Justice For Myanmar မှ KASIKORNBANK၊ Bangkok Bank၊ Krungthai Bank နှင့် EXIM ဘဏ် များသို့ စာရေးသားပေးပို့ပြီး ရွှေကုက္ကိုလ်ခရီးစဉ်နှင့် ပတ်သက်၍ ကရင် BGF/KNA သို့ ၎င်းတို့၏ အ ပေါင်း အပါများမှ ငွေကြေးထောက်ပံ့ခဲ့ခြင်း ရှိ၊မရှိ မေးမြန်းခဲ့ရာတွင် EXIM Bank ၏ ကိုယ်စားလှယ် တစ်ဦးမှ “ထိုင်း EXIM ဘဏ်သည် ဖော်ပြထားသော အဖွဲ့နှင့် စီးပွားရေးအရ ဆက်နွယ်မှုမရှိကြောင်း၊ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ မည်သည့်ပရောဂျက်များအတွက် ဘဏ္ဍာငွေမှ ထောက်ပံ့ပေးထားခြင်း မရှိကြောင်း ကျွန်ုပ်တို့ ရှင်းလင်းလိုပါသည်” ဟု ဖြေကြားခဲ့သည်။

 

အခြား ဘဏ်များမှ တုံ့ပြန်မှု မရရှိခဲ့ပါ။

 

ရထိုက်နှင့် BGF/KNA တပ်တို့သည် “မြို့သစ်” ဖော်ဆောင်မှုအတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းနှင့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှု၊ ပံပိုးမှုတို့မှ အကျိုး အမြတ်များ ရရှိကြသည်။

 

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ရွှေကုက္ကိုလ်နှင့် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းလောင်းကစား လုပ်ငန်း အကြောင်း သတင်းအစီရင်ခံစာအများအပြား ထွက်ပေါ်လာခဲ့သည်။

 

လူထောင်ပေါင်းများစွာတို့သည် တရားဝင်အလုပ်များရရှိမည်ဟု ကမ်းလှမ်းလှည့်စားခံရကာ အဆိုပါ ဒေသသို့ လူကုန်ကူးခံခဲ့ရသည်။ ၎င်းတို့သည် ခြံဝန်းကြီးများအတွင်း အကျဉ်းချခံရပြီး၊ ငွေကြေးလိမ် လည် သူများအဖြစ် အတင်းအကျပ် ခိုင်းစေခံရသည်။

 

သတင်းရေးသားချက်အများစုတွင် ရိုက်နှက်ခြင်းနှင့် ငွေညှစ်ခြင်းများ ရှိကြောင်းလည်း ဖော်ပြကြ သည်။

 

ဒေသတွင်းအွန်လိုင်း ရာဇဝတ်လုပ်ငန်းများတွင် လုပ်လေ့ရှိသည့်အတိုင်းပင် မိမိတို့ကိုယ်တိုင် လိုလို လား လား လာရောက်လုပ်ကိုင်သူများပင် စာချုပ်များနှင့် ချည်နှောင်ခံရပြီး၊ “ဒဏ်ကြေးငွေ” များ ပေး ဆောင်ခြင်းမရှိဘဲ စာချူပ်အား ဖောက်ဖျက်ရပ်စဲနိုင်ခြင်း မရှိပေ။

 

ထိုလုပ်ငန်းခွင်သို့ ရောက်လာကြသည့် အမျိုးသမီးအများအပြားသည်လည်း လိင်ပိုင်းဆိုင်ရာ လုပ် ငန်းများ လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံကြရသည်။

 

Frontier Myanmar မှ ရွှေကုက္ကိုလ်ဆိုက်ဘာငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် ဝန်ထမ်းနှစ်ဦးနှင့် အင် တာဗျူးများအရ ၎င်းတို့အလုပ်လုပ်သည့် ကုမ္ပဏီများကို မြန်မာရထိုက်ကုမ္ပဏီက စီမံခန့်ခွဲကြောင်း သိရသည်။

 

ရွှေကုက္ကိုလ်ရှိ ဆိုက်ဘာငွေလိမ်လုပ်ငန်းလုပ်ကိုင်ရန် လှည့်စားခံခဲ့ရသည့် ပြည်သူ့အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတစ်ဦးက ဧရာဝတီသတင်းမီဒီယာသို့ ပြောကြားရာတွင် “ရွှေကုက္ကိုလ်ကို ရောက်ပြီဆိုတာနဲ့ ရထိုက်ကုမ္ပဏီနဲ့ အလုပ်အင်တာဗျူး အရင်လုပ်ရပါတယ်။ ရထိုက် က အတည်ပြု ပြီး မှ အလုပ်ခေါ်ယူနေတဲ့ အွန်လိုင်းငွေလိမ်စင်တာတွေမှာ အလုပ်လျှောက်နိုင်မှာပါ။ ရထိုက်ရဲ့ ခွင့် ပြုချက်မရှိဘဲ ဘယ်ကုမ္ပဏီမှ ဝန်ထမ်းခန့်ထားလို့ မရပါဘူး” ဟု ပြောကြားခဲ့သည်။

 

မြို့ အတွင်း ဆိုက်ဘာငွေလိမ်စင်တာများတွင် တရားမဝင်မူးယစ်ဆေးဝါးများကို လွတ်လပ်စွာ ရရှိ နိုင်ပြီး၊ စိတ်ကြိုက် အသုံးပြုနိုင်ကြောင်း သတင်းများအရ သိရသည်။

 

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရားမဝင် အွန်လိုင်းလောင်းကစား လုပ်ငန်းများကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် ရွှေကုက္ကိုလ်ဒေသတွင် ဆိုက်ဘာငွေလိမ်လုပ်ငန်း များနှင့် တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ငြိမ်သက်သွားကြောင်း သတင်းများထွက် ပေါ်ခဲ့သည်။

 

၂၀၂၄ ခုနှစ် အစောပိုင်းတွင် လုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြောင်း သတင်းများက ညွှန်ပြနေ ပြီး၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မှ ကရင်ပြည်နယ်သို့ လုပ်ငန်းလုပ်ကိုင်သူများ ရွှေ့ပြောင်းလာခြင်း ကြောင့် ရွှေကုက္ကိုလ်တွင် အဆိုပါလုပ်ငန်းများ ပို၍ပင် ကြီးထွားလာသည်ဟု Karen Information Center က ဆိုထားသည်။

 

ယင်းနောက်ပိုင်းတွင် BGF/KNA တပ်သည် မြဝတီဝန်းကျင်တွင် အွန်လိုင်းစီးပွားရေးလုပ် ဆောင်နေ ကြသည့် နိုင်ငံခြားသားများအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ခွာရန် သို့မဟုတ်ပါက အပြစ်ပေး အရေး ယူခံရမည်ဖြစ်ကြောင်း ကြေညာဆိုင်းဘုတ်များကို မေလအတွင်း စိုက်ထူခဲ့သည်။

 

သို့ရာတွင် ၎င်းတို့အနေဖြင့် အဆိုပါခြိမ်းခြောက်မှုများအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိမှာ မသေချာပေ။

 

ရွှေကုက္ကိုလ်ရှိ တရားမဝင်ကာစီနိုရုံတစ်ခုဖြစ်သော Golden Winner ကို ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီ Destiny Global Group/Destiny Gaming Group (DGG Asia Limited) အတွက် ဩစ တြေး လျနိုင်ငံသား Brian Colwell က တည်ထောင်ခဲ့ပြီး၊ စီမံလုပ်ကိုင်ပေးခဲ့သည်။

 

Colwell က Chief Operating Officer အဖြစ်ဆောင်ရွက်သည့် Destiny Gaming သည် “အာရှ၏ အပြည့်စုံဆုံး ဂိမ်းလုပ် ငန်း စီမံခန့်ခွဲမှုအုပ်စုအဖြစ်” ကိုယ့်ကိုယ်ကို ဖော်ပြထားသည်။

 

Brian Colwell သည် ၎င်း၏ LinkedIn စာမျက်နှာအရ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ရွှေကုက္ကိုလ်ရှိ Golden Winner အတွက် Chief Operating Officer အဖြစ် လုပ်ကိုင်ခဲ့သည်။

 

ထိုကာလအတွင်း ၎င်းသည် ကာစီနိုလုပ်ငန်းကို တည်ထောင်ခဲ့ပြီး၊ စီမံခန့်ခွဲပေးခဲ့သည်။ ထို့နောက် ၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇွန်လမှ နိုဝင်ဘာလအထိ Golden Winner ကာစီနိုရုံအတွက် Chief Operating Officer အဖြစ် ထပ်မံလုပ်ကိုင်ခဲ့သလို၊ လွန်ခဲ့သည့် တစ်နှစ်ခန့်မှစတင်ပြီးလည်း အထက် ပါ ပုံစံအတိုင်း တဖန်ပြန်လည်လုပ်ကိုင်ခဲ့သည်။

 

Colwell က Golden Winner သည် ရထိုက်ကုမ္ပဏီ၏ အစိတ်ပိုင်းအဖြစ် ဖော်ပြခဲ့ပြီး၊ အဆိုပါကာစီနို ရုံသည် ငွေသားဖြင့် ကစားရကြောင်း ဆိုထားသည်။ Colwell သည် Golden Winner အတွက် အလုပ် ကြော်ငြာပေါင်းများစွာကို ပို့စ်တင်ခဲ့သည်။

 

အလုပ်ခေါ်ယူမှုများတွင် ကိုဗစ်ကပ်ရောဂါကာလအတွင်း ခေါ်ယူမှုများလည်း ပါဝင်ပြီး၊ ၎င်း၏ LinkedIn စာမျက်မှာတွင် “ကာစီနိုရုံအများစုသည် ၎င်းတို့၏ ဝန်ထမ်းများ လျှော့ချနေရသော်လည်း မိမိတို့အနေဖြင့် လုပ်ငန်းချဲ့ထွင်မှုကြောင့် ဝန်ထမ်းများ တိုးချဲ့ခေါ်ယူနေကြောင်း” ရေးသားခဲ့သည်။

 

လွန်ခဲ့သည့်တစ်နှစ်က LinkedIn စာမျက်နှာတွင် Colwell တင်ခဲ့သည့် Golden Winner ကာစီနိုရုံအ တွက် ရုံတွင်းကာစီနို စီမံခန့်ခွဲမှုစနစ်ရေးဆွဲရန် ဆော့ဖ်ဝဲလ်ရေးသားသူအား အလုပ်ခေါ်စာတွင် “သက်ဆိုင်သူများနှင့် မနီလာမြို့တွင် မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ အခါအားလျော်စွာ ရှိနိုင် ကြောင်း” ဖော်ပြထားသည်။

 

မနီလာမြို့သည် Destiny Gaming ၏ ဒါရိုက်တာနှင့် ထိန်းချုပ်ရှယ်ယာရှင်ဖြစ်သူ မလေးရှားနိုင်ငံ သား Yaw Chee Cheow (Eric) ၏ နေရပ် ဖြစ်သည်။ Golden Winner ဖြစ်ရပ်တွင် Destiny Gaming ၏ ပါဝင်မှုသည် ကာစီနိုပိုင်ရှင် မည်သူဖြစ်သည်ကို ဖုံးကွယ်ရန် ကူညီခဲ့သည်။

 

Colwell ၏ ပို့စ်များအရ ကာစီနိုရုံလုပ်ကိုင်သူသည် Golden Winner Entertainment အဖြစ် ဖော် ပြထားသော်လည်း၊ Justice For Myanmar အနေဖြင့် မြန်မာ၊ ထိုင်း၊ ဟောင်ကောင် သို့မဟုတ် စင်္ကာပူနိုင်ငံ ကော်ပိုရိတ်မှတ်ပုံတင်ဌာနများတွင် ယင်းနာမည်ဖြင့် ကုမ္ပဏီအား တွေ့ရှိခြင်း မရှိပေ။

 

DGG Asia နှင့် Colwell တို့သည် မြန်မာနိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းနှင့် Golden Winner ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မေးခွန်းများအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။

 

Golden Winner သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကာစီနိုအများအပြားထဲမှ တစ်ခုဖြစ်သည်။

 

ဧပြီလတွင် ထိုင်းပါလီမန်အမတ် Rangsiman Rome က မြဝတီနယ်မြေတွင် ထိုင်းစီးပွားရေးမိတ် ဖက်များ၊ အချို့မှာ ထိုင်းအစိုးရနှင့် ဆက်နွှယ်နေသည့် ကာစီနိုရုံ ၁၇ ခုကျော်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

 

ထိုပါလီမန်အမတ်က ယခင်ရဲမှုးချုပ်ဟောင်းကပိုင်ဆိုင်သည်ဟု စွပ်စွဲထားသော Myawaddy Complex ကို ဥပမာပေးခဲ့သည်။

 

အဆိုပါနေရာကို အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ဆောင်သည့် နေရာတစ်ခုအဖြစ် သတင်းများတွင် ဖော်ပြမှုများ ရှိခဲ့သည်။

 

ကရင် BGF/KNA တပ်သည် စစ်အုပ်စုနှင့်အတူ မြဝတီမြို့တွင် ရှိနေခြင်းဖြင့် အဆိုပါ ကာစီနိုရုံများ ဆက် လက်လည်ပတ်နိုင်စေပြီး၊ အကျိုးအမြတ်ကြီးမားသည့် အခွန်ဝင်ငွေရင်းမြစ်တစ်ရပ် ဖြစ်နေစေ သည်။

 

ကရင် BGF/KNA တပ်အတွက် အရေးပါသော ဝင်ငွေလမ်းကြောင်းမှာ စီးပွားရေးလုပ်ငန်းများနှင့် အ လုပ် သမားများအပေါ် အခွန်ကောက်ခံခြင်းများ ဖြစ်သည်။

 

ကရင် BGF/KNA တပ်သည် ရွှေကုက္ကိုလ် ရှိ စီးပွားရေးလုပ်ငန်းများအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသည်ဟု သိရှိရပြီး၊ အလုပ်သမား အ သစ်များအား ထိုင်းဘတ်ငွေ ၈,၈၉၀ ကို တစ်လုံး တစ်ခဲတည်းကောက်ခံသည့်အပြင် ထိုအလုပ်သမား များသည် လစဉ်ကြေးများကိုလည်း ပေးသွင်း ရသည်။

 

KNA တပ်အဖြစ် အမည်ပြောင်းပြီးနောက် ရထိုက်ကုမ္ပဏီသည် အလုပ်သမားများ၏ လစဉ် အခွန် ငွေကို ထိုင်းဘတ်ငွေ ၁၀၀၀ မှ ၂၀၀၀ သို့ တိုးမြှင့်ကြောင်း တယ်လီဂရမ်တွင် တရုတ်ဘာသာဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

 

ရထိုက်အုပ်စု (Yatai Group) မှ Justice For Myanmar ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ ခြင်းမရှိပေ။

 

Yulong Bay Park နှင့် Apollo Park ကော်ပိုရိတ်မှတ်တမ်းများနှင့် အများပြည်သူလက်လှမ်းမီ သည့် ရင်းမြစ်များမှ အချက်အလက်များအပေါ် အခြေခံလေ့လာသုံးသပ်မှုများအရ BGF/KNA တပ်သည် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် နာမည်ဆိုး ဖြင့် ကျော်ကြားသော ဆိုက်ဘာငွေလိမ် လုပ်ငန်းခြံဝန်းကြီး အနည်းဆုံးနှစ်ခုတွင် တိုက်ရိုက်ရင်းနှီး မြှုပ်နှံထားသည်။

Apollo Park နှင့် Yulong Bay Park တို့သည် မြဝတီမြို့နှင့် ရွှေကုက္ကိုလ်အကြား သောင်ရင်းမြစ် (Moei) ဘေးတွင် တည်ရှိသည်။

 

ထိုနှစ်နေရာလုံးရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်အတွင်းက စတင်လုပ်ဆောင်ခဲ့ ကြောင်း Google Earth ၏ ဂြိုလ်တုဓါတ်ပုံများက ပြသနေပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ လူမှုကွန်ရက်ပေါ်ရှိ အလုပ်ကြော် ငြာများနှင့် သတင်းများအရ အဆိုပါ Park နှစ်ခုလုံးတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေ ကြောင်း၊ အဆိုပါနေရာများကို “ဝက်အသားပေါ်သတ်ဖြတ်” သည့်နေရာဟု ခေါ်ဆိုကြပြီး၊၊ လူကုန် ကူး ခံလုပ်သားများနှင့် အခြားလိမ်လည်မှုလုပ်ငန်းများကို လုပ်ဆောင်သည့် နေရာဖြစ်ကြောင်း ဖော်ပြနေသည်။

 

မြန်မာနိုင်ငံရှိ လိမ်လည်မှုလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူများ အသုံးပြုသည့် လူမှုမီဒီယာချန်နယ် ဂရုများအတွင်း အဖွဲ့ဝင်များသည် Yulong Bay Park ၌ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် အတင်းအကျပ် ရာဇဝတ်လုပ်ငန်းများ လုပ်ဆောင်စေခြင်း တို့အကြောင်း အသေးစိတ်ဇာတ်ကြောင်းများကို ရေးတင် ထားကြသည်။

 

တရုတ်မီဒီယာ Red Star News မှ ၂၀၂၃ ခုနှစ် သတင်းဆောင်းပါးတစ်ခုတွင် လီဟု ရည်ညွှန်းထား သော တရုတ်နိုင်ငံသားတစ်ဦးသည် ထိုင်းနိုင်ငံတွင် လစာကောင်းသည့်အလုပ်ကို ရရှိမည်ဟူသော လိမ်လည်ကတိကြောင့် Yulong Bay Park သို့ ဖြားယောင်းပို့ဆောင်ခံရပုံကို ဖော်ပြထားသည်။

 

၎င်းအနေဖြင့် ထွက်ပြေးရန် ကြိုးစားရာတွင် မအောင်မြင်ဘဲ၊ Park စီမံခန့်ခွဲမှုကော်မတီသို့ တိုင် ကြားခံရပြီးနောက် လီအား လက်ထိပ်ခတ်၍ ညှဉ်းပမ်းနှိပ်စက်ကာ၊ ၎င်း၏ မိသားစုထံ ငွေညှစ် တောင်း ခံခဲ့သည်။

 

တရုတ်စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ပေးမှုနှင့် တရုတ်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် တွင်မှ လီအား “နယ်မြေခံစစ်တပ်” က ကယ်ဆယ်နိုင်ခဲ့ပြီး၊ နေရပ်ပြန်ပို့ပေးနိုင်ခဲ့သည်။

 

နယ်မြေခံစစ်တပ်ဆိုသည်မှာ Park ၏ ပူးတွဲပိုင်ရှင်များဖြစ်ကြသည့် BGF/KNA တပ်ကို ရည်ညွှန်းပုံရ သည်။

 

Li အား ညှဉ်းပမ်းနှိပ်စက်သူများက ၎င်းအား Apollo Park သို့ ရောင်းချမည်ဟုလည်း ခြိမ်းခြောက်ခဲ့ သည်။

 

Yolong Bay ငွေလိမ်လုပ်ငန်းအကြောင်း ဖော်ပြသည့် အွန်လိုင်းပို့စ်များနှင့်ဗီဒီယိုများတွင် “ရွှေပိ တောက်မြိုင်” ဟု မြန်မာလို ရေးသားထားသော ဆိုင်းဘုတ်နှင့် ဝင်ပေါက်ကို တွေ့ရသည်။

 

စစ်ပွဲပဋိပက္ခအတွင်း နေရပ်စွန့်ခွာခဲ့ရပြီး၊ ချက်ချင်းအလုပ်ပြန်မဆင်းနိုင်သည့် မြန်မာလုပ်သား ၁၀၀ အလုပ်ထုတ်ခံရကြောင်း ဒေသတွင်းသတင်း မီဒီယာတစ်ခုက ဧပြီလတွင် ဖော်ပြခဲ့သည်။

 

အဆိုပါ သတင်းတွင် ယင်းကုမ္ပဏီကို တရုတ်နိုင်ငံသားက လုပ်ကိုင်ပြီး၊ ခြံဝန်းကြီးအတွင်း ကာစီနိုရုံ တစ်ခုကိုလည်း လုပ်ကိုင်နေကြောင်း ဆိုထားသည်။

 

Yulong Bay Resort Tourism Development Company Limited ၏ ရှယ်ယာရှင်များတွင် စင်္ကာပူ နိုင်ငံသား Aw Ziyang (Hu Ziyang ဟုလည်းသိကြသူ) နှင့်အတူ စံမြင့် (စောချစ်သူ) ၏ သားဖြစ်သူ စောထူးအယ်မူး၊ စောစိုးလှိုင်ဦးနှင့် ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော စောမင်းမင်း ဦး တို့ ပါဝင်သည်။

 

Justice For Myanmar အနေဖြင့် Yolong Bay Park ၏ ဝဘ်ဆိုဒ် သို့မဟုတ် လူမှုကွန်ရက်အကောင့် များကို ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း Apollo Park တွင် မြန်မာဘာသာဖြင့် ရေးသားထားသော ကုမ္ပဏီနံမည်အပြည့်အစုံနှင့် လိုဂိုပါရှိသော တရုတ်ဘာသာသုံး Facebook စာမျက်နှာတစ်ခု ရှိသည်။

 

အဆိုပါစာမျက်နှာတွင် အလုပ်ကြော်ငြာစာများပါဝင်ပြီး၊ အချို့မှာ လိမ်လည်ခေါ်ယူခြင်း လက္ခာဏာ များ ပါဝင်သည်။

 

ထို့ပြင် အထပ်နိမ့်ရုံးခန်းတိုက်ခန်းတွဲများ၊ နိုက်ကလပ်နှင့် ကုန်စုံဆိုင်များ ပါဝင်သည့် ဓါတ်ပုံများကို လည်း တွေ့ရသည်။

 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာတွင် တရုတ်ဘာသာဖြင့် ရေးသားထားသော ပို့စ်တစ်ခုတွင် Apollo သည် လုံခြုံသည့် စစ်တပ်အုပ်ချုပ်ရေးဒေသအတွင်း စစ်တပ်ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းအဖြစ် ဖော်ပြထားသည်။

 

လူမှုကွန်ရက်ပို့စ်များတွင် Apollo Park အား နာမည်ဆိုးဖြင့်ကျော်ကြားသော ငွေလိမ်လုပ်ငန်းအဖြစ် ဖော်ပြကြပြီး၊ Apollo ငွေလိမ်လုပ်ငန်း၏ သူဌေးများ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပေးရန် တောင်းဆိုထားသည့် ဗီဒီယိုများလည်း ဖြန့်ဝေထားသည်။

 

Myanmar Apolo International Investment Company Limited ၏ ရှယ်ယာရှင်များတွင် စောထူး အယ်မူး၊ စောစိုးလှိုင်ဦး၊ Hebei မှ တရုတ်နိုင်ငံသား Li Chunhuan နှင့် ကချင်ပြည်နယ်တွင် နေထိုင် သူ နှစ်ဦးဖြစ်သည့် ထင်အောင်နှင့် ဝင်းနိုင်တို့ ပါဝင်သည်။

 

ကရင် BGF/KNA တပ်သည် ပုံမှန်မဟုတ်သည့် စီးပွားရေးပုံစံများ၊ မြေယာရောင်းဝယ်ခြင်းများတွင် သိသာထင်ရှားသော ပါဝင်ပတ်သက်မှုများ၊ လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးကူညီ မှုများဖြင့် အခြားသော ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးများမှလည်း အကျိုးအမြတ်များ ရရှိနေသည်။

 

အပိုင်း ၃ ကို ဆက်လက်စောင့်မျှော် ဖတ်ရှုရန် –

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *