Tha Phaung News

0 0
Read Time:2 Minute, 25 Second

သာပေါင်းမြို့နယ်၊ တောင်ကလေးအုပ်စုရှိ စစ်တပ်ထောက်တိုင်တစ်ဦးကို ဧရာဘီလူး မစ်ရှင်အဖြစ် ပထမဆုံး ရှင်းလင်း

 

D Day News

မေလ ၂၃

 

ဧရာဝတီတိုင်း၊ သာပေါင်မြို့နယ်၊ တောင်ကလေးအုပ်စုရှိ အကြမ်းဖက်စစ်တပ် ထောက်တိုင်တစ်ဦးကို ဧရာဘီလူးမစ်ရှင်အဖြစ် ပထမဆုံးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

မေလ ၁၉ ရက် ည ၈ နာရီအချိန်က ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ကွန်မန်ဒိုအဖွဲ့ PDC/P25501 နှင့် ပုသိမ် ခရိုင် ပကဖ အဖွဲ့တို့ ပူးပေါင်း၍ “ဧရာဘီလူး” စစ်ဆင်ရေးအဖြစ် သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာ အုပ် စုရှိ စစ်တပ်အတွက်အလုပ်လုပ်ပေးနေသူ မြင့်သိန်းအား ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

 

“ဒီစစ်ဆင်ရေးမှာ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ လှုပ်ရှားနိုင်ခဲ့ပါတယ်၊ မစ်ရှင်လုပ်နေချိန်မှာ ပစ်မှတ် ရဲလူထွက်မြင့်သိန်းထံက သူစစ်တပ်ကို နေ့စဉ်သတင်းပေးနေတဲ့ ဖုန်း ၂ လုံးကိုပါ သက်သေခံ အနေနဲ့ သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေဆီကို သတင်းပေးသက်သေအဖြစ် ပေးပို့ ခဲ့ပါတယ်” ဟု ဧရာဘီလူး စစ်ဆင်ရေး၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ မြင့်သိန်းသည် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့မှ နှုတ်ထွက်ထားသူ ဖြစ်ပြီး တောင်ကလေးကျေးရွာအုပ်စု၊ ဆင်သေမြောင်ရှိ တောတွင်းလုပ်ကိုင်စားသောက်နေကြသော ကျေး ရွာသူရွာသားများထံ မတရားငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီမှ စစ်ကြောင်းထိုးရာတွင် လမ်းပြ၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ မတရားစစ်မှုထမ်းဥပဒေဖြင့် ရွာသားများအပေါ် အတင်းအားဓမ္မ ငွေကြေး ကောက်ခံခြင်းများ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပူးပေါင်းဆောင်ရွက်နေ သော အုပ်ချုပ်ရေးမှူးများ၊ ပျူများကို ဧရာဘီလူးစစ်ဆင်ရေးအဖြစ် ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *