Natogyi News

0 0
Read Time:1 Minute, 39 Second

နွားထိုးကြီး – ပြင်စည်လမ်းပေါ်တွင် ဂိတ်ချစစ်ဆေးနေသော စစ်သားများကို ဗုံးကြဲတိုက်ခိုက်မှု ဦး ခေါင်းပြုတ်ထွက်သေဆုံးသူအပါအဝင် စစ်သား ၃ ဦးသေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၃

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး -ပြင်စည်လမ်းပေါ်တွင် ဂိတ်ချစစ်ဆေးနေသာ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခဲ့ရာ ဦးခေါင်းပြုတ်ထွက်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၃ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာအတွင်း တပ်စွဲထား သော အကြမ်းဖက်စစ်သား ၃၀ ခန့်မှ ခက်လန်း-တတ်စည်ကျေးရွာ အနီး၌ ဂိတ်ချပြီး ခရီးသွား ပြည်သူများ၊ ကားများကို စစ်ဆေးမှု ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဦးခေါင်းပြုတ်သေ ဆုံးသွားသည့် အကြမ်းဖက်စစ်သား တစ်ဦး အပါအဝင် စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ ၆ ဦးထက်မနည်းအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *