International News

0 0
Read Time:13 Minute, 7 Second

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချ မှတ်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ ဥပေက္ခာပြုခြင်းခံနေရသဖြင့် စိတ် ပျက်ရကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်ကို ကာကွယ် မပေးနိုင်မှုတွင် နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာဝန်ရှိဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

 

D Day News

မေလ ၂၃

 

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချ မှတ်ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ ဥပေက္ခာပြုခြင်းခံနေရသဖြင့် စိတ် ပျက်ရကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်ကို ကာကွယ် မပေးနိုင်မှုတွင် နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာဝန်ရှိဟု ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည်။

 

မေလ ၂၁ ရက်နေ့မှ ၂၂ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင် စီတွင် “ပဋိပက္ခတွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြု လုပ်သည့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအကြောင်းကို ထည့်သွင်းဖော်ပြထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခ အ တွင်း အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ အတွက်ကို ကျေး ဇူး တင်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ စစ်အာဏာသိမ်းမှု များနှင့် အရပ်သားပြည်သူများအပေါ် သက်ရောက်သည့် ၎င်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများ စိုးရိမ်ဖွယ် ကောင်းအောင် ဖြစ်ပေါ်လျက်ရှိသည်ကို မိမိတို့ တွေ့မြင်နေရပါကြောင်း၊ အဆိုပါ အရပ် သားပြည် သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကျရောက်နေသည့် အန္တရာယ်များနှင့် အတူ နိုင်ငံတကာ လူသား ချင်းစာနာမှု ဥပဒေ (International Humanitarian Law – IHL) နှင့် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေ (International Human Rights Law – IHRL) တို့အား လေးစားလိုက်နာမှုကျဆင်းလျက်ရှိ ခြင်းတို့မှာ အဓိကစိန်ခေါ်မှုများအဖြစ် တည်ရှိနေကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲ တမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားသည်။

 

ယမန်နှစ်က ပဋိပက္ခအတွင်း အရပ်သားပြည်သူ သေဆုံးမှု (၃၃,၄၄၃) ဦး၊ တစ်နည်း အားဖြင့် ၂၀၂၂ ခုနှစ်ထက် ၇၂ ရာခိုင်နှုန်း မြင့်တက်လာမှုနှင့် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် အတင်းအကြပ် နေရပ်စွန့်ခွာမှု သန်း (၁၁၀) အထိ မှတ်တမ်းတင် မြင့်တက်လာ မှုတို့ကို ကုလသမဂ္ဂမှ မှတ်တမ်း ထားရှိ ကြောင်း သိရသည်။

 

ယခု အစည်းအဝေးတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များမှ ယခုခေါင်းစဉ်အောက်မှ ဖြစ်ပေါ်တိုးတက်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည် သုံးသပ်နိုင်စေရန်နှင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတို့အပေါ် လေးစား လိုက်နာမှု ပိုမိုအားကောင်းလာစေရန် နှစ်ဆ တိုးမြှင့် ဆောင်ရွက်ရေးနှင့် ယင်းဥပဒေများအား ချိုး ဖောက်ခြင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု တိုးမြှင့်ရေးတို့အား လုပ်ဆောင်စေနိုင်သော ကောင်းမွန် သည့် အခွင့်အလမ်း တစ်ခုပင်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၁၂၆၅ ပါ ပြဋ္ဌာန်းချက်များအား အကောင် အထည်ဖော်ဆောင် ရွက်ရေးနှင့် IHL နှင့် IHRL တို့အား ချိုးဖောက်သူများကို တာဝန်ခံမှု ရှိစေရေး တို့အတွက် လုံခြုံရေး ကောင်စီမှ တာဝန်ယူမှုရှိသော အခန်းကဏ္ဍမှပါဝင်ခြင်းက အလွန်အရေးကြီးကြောင်း၊အချိန်မီဆောင် ရွက်ခြင်း မရှိလျှင် သို့မဟုတ် တာဝန်ခံမှု ယန္တရားများအား ဖော်ဆောင်ခြင်း မရှိလျှင် IHL လိုက်နာမှု ပျက်ကွက်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာဖြင့် ပိုမိုဆိုးရွားစေသည့် စက်ဝန်းကို ဖြစ်ပေါ် စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မြန်မာနိုင်ငံမှ ပြည်သူများသည် အဆိုပါ အဖြစ်ဆိုးများကို နေ့စဉ် နှင့်အမျှ ကိုယ်တွေ့ရင်ဆိုင် နေရပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်း စစ် တပ် သည် ပြည်သူပေါင်း (၅,၁၀၀) ကျော်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ယခုအခါ (၃) သန်း ကျော် သော လူဦးရေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်နေကြပြီး ပြည်သူပေါင်း (၁၈.၆) သန်း ကျော် သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ပုဂ္ဂလိကပိုင် အဆောက်အဦ (၉၀,၀၀၀​) ခန့်မှာ မီးရှို့ဖျက်ဆီးခံရခြင်း (သို့) ဖျက်ဆီးခံရခြင်း ရှိပြီး၊ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံရှိ ကျန်းမာရေးကဏ္ဍကို အကြိမ်ပေါင်း (၁,၂၉၃) ကြိမ်မက ရည် ရွယ် ချက်ရှိစွာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အဆောက်အအုံ (၃၄၃) ခု ပျက်စီးခဲ့ ပြီး ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

 

လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သည့် ဝန်ထမ်းများအား တိုက်ခိုက်မှုများ အပြင် စစ်တပ်က အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) အပေါ်တွင်လည်း “Organization Registration” ဟူ၍ မဖြစ်မနေ စာရင်းသွင်းရန် အမိန့်ချထားကြောင်း၊ ယင်းမှာ NGO များ၏ သွား လာ လှုပ်ရှားခွင့်ကို ကန့်သတ်ရန်နှင့် အကူအညီများအား လက်နက်သဖွယ် အသုံးချရန် ဖြစ်ကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း “စစ်တပ် က လူသားစာနာမှု စည်းမျဉ်းများကို သွေဖည်လျက် မည်သူမည်ဝါက ထောက်ပံ့ကူညီမှုများကို မည် သည့်အချိန်အခါတွင် မည်သည့်ပုံစံဖြင့် လက်ခံရရှိမည်ကို ဆုံးဖြတ်ချက် ချမှတ်လျက်ရှိသည်” ဟု မီးမောင်းထိုးပြထားကြောင်း သိရသည်။

ထို့ပြင် စစ်တပ်၏ မတရား စစ်သားစုဆောင်းမှုကလည်း လူငယ်အများစုအား ပြည်တွင်းမှ ပုန်းကွယ် တိမ်းရှောင်ရန် တွန်းပို့လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် စစ်တပ်က ရိုဟင်ဂျာ အချို့ကို စစ် သားအဖြစ် အဓမ္မစုဆောင်းကာ လူသားဒိုင်းအဖြစ် အသုံးချနေကြောင်း သိရသည်။

 

ဘူးသီးတောင်မြို့နယ်တွင်လည်း စစ်တပ်က အထိကရုဏ်းများ ဖန်တီးခြင်း၊ အကြီးစား ပျက်စီးဆုံးရှုံး မှုများ ဖန်တီးခြင်း၊ ဗုံးကျဲခြင်းနှင့် လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းအားဖြင့် အ သိုက်အဝန်းတွင်း ပဋိပက္ခများကို မကြာခဏ စေ့ဆော်လျက်ရှိပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် ဟိန္ဒူဘာသာ ဝင် အရပ်သားပြည်သူများအနေဖြင့် နေအိမ်များ မီးရှို့ဖျက်ဆီးကာ အတင်းအကျပ် ရွှေ့ပြောင်း စေလျက်ရှိကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိတ်မချမ်းမြေ့ဖွယ်အခြေအနေများသည် ပဋိပက္ခများ မြင့် တက်လာမှု၊ အရပ်သားပြည်သူအပေါ် စစ်တပ်၏ အကြမ်းဖက်မှုနှင့် မဆင်မခြင် တိုက်ခိုက်မှု များကို ပြသနေကြောင်း၊ တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်များကို လစ်လျူရှုကာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ခံစား၍ ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန်နေ သည်မှာ ထင်ရှားကြောင်း၊ ယင်းမှာ နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်ခံမှု ယန္တရား မရှိသော ကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း ပြောကြားသည်။

 

လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စအား ICC သို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အဆိုပါ တာဝန်ခံမှု ကွာဟချက်ကို ဖြည့်တင်းနိုင်မည့် လမ်းစဉ်များချမှတ်ရန် လိုအပ်ပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အဆို ၂၆၆၉ ၏ နောက်ဆက်တွဲအဖြစ် အာဏာ သက်ရောက်မှုရှိသည့် ထိရောက် သောဆုံးဖြတ်ချက်တခုအား ချမှတ်ရန်လိုအပ်သည်ဟုဆိုသည်။

 

မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေး ကောင်စီအား မြန်မာ ပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ် ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့သော် လည်း မိမိတို့၏ အသံများ၊ မေတ္တာရပ်ခံမှုများကို ယခုအချိန်အထိ ဥပေက္ခာပြုခြင်း ခံနေရသည့်အတွက် စိတ်ပျက်ရပါကြောင်း၊ ထိုသို့သော ပျက် ကွက်မှုကြောင့် ရိုဟင်ဂျာများ အပါအဝင် အပြစ်မဲ့ပြည်သူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး၊ ရခိုင် ဒေသအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ၏ အိုးအိမ်များဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ထေက်ပြပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် ပြည်သူများ အသက်ဆုံးရှုံးရမှု၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် မပေးနိုင်မှုတွင် နိုင်ငံတကာအသိုက်အဝန်းသည်လည်း တာဝန်ရှိသည်ဟု နိုင်ငံအများက ပြောကြား လျက်ရှိကြောင်း သိရသည်။

 

လုံခြုံရေးကောင်စီထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ မလုပ် ဆောင်ပေးမီ နိုင်ငံ တကာအသိုက်အဝန်းအနေဖြင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများအား အတင်း အကြပ် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း မပြုရေးဟူသော စည်းမျဉ်းအား လေးစားခြင်းအပါအဝင် အခြားလိုအပ်သည့် အကာအကွယ်များကိုလည်း ပေးအပ်နိုင်ရန် ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

 

အရပ်သားပြည်သူများအား အပြည့်အဝ အကာအကွယ်ပေးရေး အတွက် IHL အား လေးစာလိုက်နာ ခြင်းနှင့် တာဝန်ခံမှု ယန္တရားခိုင်မာအားကောင်းရေး လိုအပ်ပြီး လုံခြုံရေးကောင်စီထံမှ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချက်ချင်းချမှတ်ရေးနှင့်တကွ စစ်တပ်ထံသို့ လက်နက်၊ ငွေကြေး၊ လေ ယာဉ်ဆီ စီးဆင်းမှု ဖြတ်တောက်ရေးတို့ကို ဆောင်ကြဉ်းနိုင်မှသာလျှင် ပြည်သူများ၏အသက်ကို ကယ်တင်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးဟူသော မြန်မာပြည်သူများ မျှော်ရည်မှန်းချက်များ နှင့် ပိုမိုနီးစပ်စေနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မြန်မာပြည်သူများအတွက် ထိရောက်သော အကာအကွယ်ပေးမှုများ ဖော်ဆောင်နိုင်ရန် လုံခြုံရေး ကောင်စီ အနေဖြင့် ယခုပင် လုပ်ဆောင်သင့်ပါကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *