Yangon Strike News

0 0
Read Time:3 Minute, 15 Second

အကြမ်းဖက်စစ်ကောင်စီက ပုံဖော်ဖန်တီးနေသည့် အထွေထွေအကြပ်အတည်းမှ လွတ်မြောက်ရန် “သေ မြေကြီး ရှင်ရွှေထီး” စိတ်ဓာတ် ကိုင်စွဲကာ တိုက်ပွဲဖော် ရုန်းကန်တော်လှန်ကြရန် ရန်ကုန်မြို့ သပိတ်အင်အားစုများက ဆန္ဒထုတ်ဖော် တိုက်တွန်း

 

D Day News

မေလ ၂၂

 

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်ကာ ပြည်သူလူထုတစ်ရပ်လုံး အထွေထွေ အ ကြပ်အတည်းကြီးနှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်စ်ကောင်စီက ပုံဖော်ဖန်တီးနေသည့် အထွေထွေ အကြပ်အတည်းမှ လွတ်မြောက်ရန် “သေ မြေကြီး ရှင်ရွှေထီး” စိတ်ဓာတ် ကိုင်စွဲကာ တိုက်ပွဲဖော် ရုန်းကန်တော်လှန်ကြရန် ရန်ကုန်မြို့ သပိတ်အင်အားစုများက ဆန္ဒထုတ်ဖော် တိုက်တွန်းခဲ့ကြောင်း သိရသည်။

 

ယနေ့ မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ ညပိုင်းက လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်ခြင်း၊ မတရား စစ်မှုထမ်းဥပဒေကို ကန့်ကွက် ရှုံချဆန်ကျင့်ခြင်းနှင့် အထွေထွေအကြပ်အကြပ်အတည်းကို ပုံဖော် ဖန်တီးနေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း ချီတက်သပိတ် လှုပ်ရှားတွင် ထည့်သွင်းတိုက်တွန်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသည့်ကြားမှ ရန်ကုန်မြို့ရှိ ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု ( AJAY ) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ် များမှ ပူးပေါင်း၍ နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကျပ်တည်းလာနေသည့် လူထု၏ အထွေထွေ ကျပ်တည်းမှုများ နှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့် အနေဖြင့် လှုပ်ရှားဖော်ဆောင်ခြင်း ဖြစ်ကြောင်း သိရ သည်။

 

လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်း ဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်သံများဖြင့် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

 

အရှုံးကြီးရှုံးနေသည့် စစ်ကောင်စီနှင့် စစ်တပ်သည် ၎င်းတို့ ရှင်သန်နိုင်ရေးအတွက်လူထုကို ချနင်း ဖိ နှိပ်နေသဖြင့် တနေ့ထက် တနေ့ တမျိုးပြီး တမျိုးသော ကျပ်တည်းမှု အထွေထွေကို လူထုမှ လျင် လျင် မြန်မြန် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊  ဤသို့ သော အခြေအနေအရပ်ရပ်ကို ပုံဖော်ဖန်တီး နေသည့် စစ်အာဏာရှင်များကို ပြည်သူလူထုကြီးအနေဖြင့် “သေမြေကြီး ရှင်ရွှေထီး “ စိတ်ဓာတ် ကိုင်စွဲကာ တိုက်ပွဲဖော်၍ လွတ်မြောက်ရေးအတွက်ကိုယ်တိုင်ရုန်းကန် တော်လှန်ကြရန် အလေး အနက် နှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *