Yasagyo News

0 0
Read Time:5 Minute, 40 Second

ရေစကြိုမြို့နယ်အတွင်းရှိ Southern YSO PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ဗိုလ်ထွန်းလင်းအပါအဝင်  ၃၂ ဦးသေဆုံး၊ လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ

 

D Day News

မေလ ၂၁

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ Southern YSO PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ရာ ဗိုလ်ထွန်းလင်းအပါအဝင် ၃၂ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ရေစကြိုမြို့နယ်အတွင်းရှိ ဇီးတောရွာ၊ ကျောက်ထပ် ရွာ၊ သဲတောရွာ နှင့် Southern YSO PDF စခန်း နေရာ လေးခု ပခုက္ကူ ၁၀၁ တပ်နှင့် ၎င်း၏ လက် အောက်ခံ တပ်များဖြစ်သော ၂၃၅၊ ၂၅၇၊ ၂၅၈ စသည့် တပ်များမှ အင်အား ၃၀၀ ကျော်ဖြင့် တစ်ချိန် တည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ စီးနင်းဝင်ရောက်မှုများအတွင်း Southern YSO PDF စခန်းကို ဝင်ရောက်စီးနင်းသည့် အကြမ်း ဖက်စစ်သားများအား အသင့်စောင့်ဆိုင်းနေသော Southern YSO PDF နှင့် အခြားမဟာမိတ် ရဲဘော် များက မိုင်းဆွဲခြင်း၊ ၆၀ မမ အစစ် လက်နက်ကြီးဖြင့် ၂ လုံး ဖြင့် စခန်းအတွင်းဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆၀ မမ လက်နက်ကြီး ၂ လုံးသည် စခန်းအတွင်း သို့တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၂၀ ကျော် ခြေပြတ်၊ လက်ပြတ် ပြင်းထန်ဒဏ်ရာရရှိများရရှိခဲ့ကြောင်း သိရသည်။

 

“စခန်းကို သတ်ကွင်းပြင်ထားတာ။ ဝင်လာတဲ့အချိန်မှာ လက်နက်ကြီးနဲ့ထုတယ်။အော်တိုတွေဆွဲ တယ်။ အော်ဟစ်ဆဲဆိုပြီး ဝင်လာတာ။ ကျနော်တို့က သတ်ကွင်းကနေစောင့်နေတာ၊ မိုင်းဆွဲဖို့ ပေပါ ၈ လုံးထောင်တားတာ။ မိုင်းဆွဲတဲ့အချိန်မှာ ခွေးက ဦးပြီး မိုင်းကြိုးကို ဖြတ်လိုက်တာ။ အဲဒါကြောင့် ဒုတိယ ပလန်စီစဉ်တာ၊ ကျနော်တို့မှာ ၆၀ မမ  အစစ်ပြောင်းရှိတယ်လေ။ အဲဒီအစစ်ပြောင်းနဲ့ မီတာ ၁၂၀၀ အကွာကနေ စခန်းကို တည့်ထုတာ။ မပစ်ခတ်ခင်ကတော့ ဝုန်းဒိုင်းနဲ့ပဲ၊ ပစ်ခတ်သံတွေ ဆူညံ နေတာ၊ ၆၀ အစစ်နဲ့ပစ်တဲ့အချိန် စခန်းထဲဝင်လာတဲ့ ခွေးမှန်သမျှက သေတဲ့ကောင်သေ၊ ဒဏ်ရာရတဲ့ ကောင်ဒဏ်ရာရ၊ လက်ပြတ်တဲ့ကောင် လက်ပြတ်၊ ခြေပြတ်တဲ့ကောင်ခြေပြတ် အကုန်ဖြစ်တာ၊ ပစ်ခတ်သံတွေလည်း တိတ်ဆိတ်သွားတာပဲ”ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နောက်ဆုတ်နေရာယူပြီး စစ်ကြောင်း ၂ ကြောင်း ဖြင့် ခုခံစစ် ပြန်လည် ဆင်နွှဲခဲ့ရာ နံနက် ၇ နာရီ ၂၅ မိနစ်အချိန်တွင် ရှေ့ပြေးကင်းတက်လာသော ဗိုလ်ကြီး ထွန်းလင်းပါ ၁၀ ဦးကို မျက်နှာချင်းဆိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ ဦးစလုံးသေဆုံးသွားပြီး MA1 သေနတ် ၃ လက် ၊ MA2 သေနတ် ၁ က်၊ MA3 သေနတ် ၁ လက်၊ G3 သေနတ် ၄ လက်၊ အာပီ ဂျီ ထိပ်ဖူး ၁ ဖူး ၊ ကျည်မျိုးစုံ ၄၀၀ ကျော်နှင့် ဦးထုပ် ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော်တွေနောက်ပြန်ဆုတ်ပြီး စစ်ကြောင်း ၂ ကြောင်းခွဲလိုက်တယ်။ ကျနော်တို့ခွဲထား တဲ့စစ်ကြောင်းတစ်ကြောင်းနဲ့ သူတို့ရှေ့ပြေးကင်းထွက်လာတဲ့ ၁၀ ယောက်ပေါ့၊ ၁၀ ယောက်ဆိုတာ ကျနော်တို့ ၆၀ လက်နက်ကြီးနဲ့ ပစ်လို့ လက်ကောက်ဝတ်ကနေ တုံးတိပြတ်သွားတဲ့သူတစ်ယောက် ပါတယ်။ ဆိုင်ကယ် ၅ စီး ၁၀ ယောက်၊လက်နက်က ၉ လက်အဲဒီကောင်တွေကို အသေပစ်ခတ်နိုင်ခဲ့ တယ်၊ လက်နက် ၉ လက်ရတယ်။” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းက ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း PDF စခန်းအတွင်း၌ သေဆုံးသွားသော အကြမ်းဖက်စစ်သား အ လောင်း ၂၂ လောင်းကို မေလ ၁၈ ရက် ည ၁၂ နာရီအချိန်တွင် ကား ၂ စီးဖြင့် လာရောက်သယ် ဆောင်သွားပြီး ရှေ့ပြေးကင်းထွက်လာသည့် ဗိုလ်ထွန်းလင်းပါ ၁၀ ဦး၏ ရုပ်အလောင်းများကို ယနေ့ အချိန်အထိ လာရောက်ယူခြင်းမရှိသေးကြောင်း Southern YSO PDF တပ်ဖွဲ့မှ ကိုအောင်မောင်းက ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဇီးတောကျေးရွာကို မီးရှို့ခဲ့ပြီး ကျောက်ထပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ ပြည်သူအများအပြားကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ အ လားတူ သဲတောကျေးရွာနေပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ BNRA (ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်)၊ ပြည်သူ့အားမာန် PDF တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Southern YSO PDF အဖွဲ့၏ နတ်မိချောင်းစစ်ဆင်ရေးဖြစ်ကြောင်း၊ မိဘပြည်သူများ အနေဖြင့်နတ်မိချောင်း စစ်ဆင်ရေး ကမ်းပိန်း ကို ပါဝင်ကူညီ အားဖြည့်ပေးကြစေလိုကြောင်း မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *