Rakhine News

0 0
Read Time:5 Minute, 43 Second

စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးသာမက ပြည်သူများ အားလုံး ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲနေ ထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံကျသည့် ပြောင်းလဲမှုတခုလုံးကို အမြင်သဘောတူညီစွာ ဆက်လက်ဆောင်ရွက်သွားရန် ကတိပြု

 

D Day News

မေလ ၂၁

 

NUG အစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံးသည် စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေး သာမက ပြည်သူများ အားလုံး ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲနေ ထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံကျသည့် ပြောင်းလဲမှုတခုလုံးကို အမြင်သဘောတူညီစွာ ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုထားကြောင်း NUG အစိုးရ ယနေ့ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

 

မတူကွဲပြားသောလူမျိုးများအကြား သွေးကွဲစေသည့်လုပ်ရပ်မှန်သမျှကို ရပ်တန်းက ရပ်ကြရမည့် အချိန်ဖြစ်ပြီး မိမိတို့အားလုံးသည် စစ်အာဏာရှင်စနစ်ပျက်သုဥ်းရေးသာမက ပြည်သူများ အားလုံး ငြိမ်းချမ်းစွာ အတူတကွယှဥ်တွဲ နေထိုင်နိုင်ရေးအတွက် လိုအပ်သော အခြေခံကျသည့် ပြောင်းလဲမှု တခုလုံးကို အမြင်သဘောတူညီစွာ ဆက်လက်ဆောင်ရွက်သွားရန် ကတိပြုထားကြောင်း၊ မိမိတို့ အားလုံးသည် ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန်လေးစားခြင်း၊ နားလည်ခြင်းနှင့် သဘော ထားအမြင် ကြီးခြင်းများကို ဆက်လက်မွေးမြူ မြှင့်တင် သွားကြရန်လိုအပ်ကြောင်း NUG အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြာထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Rosenthal အစီရင်ခံစာ၏ အကြံပြုချက်များကို မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တရားမျှတမှုကို အထောက်အပံ့ပေးသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဆက်လက်လက်တွဲ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၊ ရခိုင်များနှင့် အခြားလူမျိုးစုများအပါအဝင် တနိုင်ငံ လုံးရှိ လူနည်းစုလူမျိုးများအပေါ် ရှက်ဖွယ်ကောင်းသည့် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခံ ခဲ့ရမှု များကို အမျိုးသားညီညွတ်ရေးအစိုးရသည် အမြဲအမှတ်ရနေမည်ဖြစ်ပြီးအလားတူ အဖြစ်အပျက်များ နောင်အနာဂတ်တွင် ထပ်မံမဖြစ်ပွားစေရန်လည်း ခိုင်မြဲစွာ ကတိပြုကြောင်း NUG အစိုးရ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏လူမျိုးရေး ပဋိပက္ခ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဘူးသီးတောင်ဒေသခံ ရခိုင်နှင့် ဟိန္ဒူပြည်သူတို့၏ နေအိမ်များ ကို မီးရှို့ ဖျက်ဆီးမှု၊ ဘူးသီးတောင်ဒေသခံ ပြည်သူများ၏ နေအိမ်များလောင်ကျွမ်းစေရန် လေကြောင်းမှ တ ဆင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် ရိုဟင်ဂျာ ပြည်သူများ အပါအဝင် ဒေသ ခံပြည်သူအများအပြား နေရပ်မှ ဖိအားပေး ပြောင်းရွှေ့ခံရမှု၊ အများပြည်သူပိုင် အဆောက်အဦးများ ဖျက်ဆီးခံရမှု၊ ကျေးရွာများ မီးရှို့ခံရမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ် ရေးအစိုးရ အနေဖြင့် များစွာ စိုးရိမ်မိပါသည်ဟု ဆိုသည်။

 

ထို့အပြင် အရေအတွက် အတိအကျ အတည်မပြုနိုင်သော ပြည်သူများ သတ်ဖြတ်ခံရခြင်းနှင့် ထိ ခိုက်ဒဏ်ရာရရှိသည်ဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဆိုးရွားနေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကိုလည်း အထူးစိုးရိမ်ပူပန်မိပါကြောင်း NUG အစိုးရက ဆက်လက်ပြောဆိုထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရသည် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက် ဖျက်ဆီးနေခြင်းကို ရပ်တန့်ရန်တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့် အတူတကွ ရပ် တည်လျက်ရှိကြောင်း၊ တောင်းဆိုမှုများတွင် အရပ်သားပြည်သူများ၊ ပြည်သူပိုင်ပစ္စည်းများနှင့် က လေး ငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်သောသူများကို အကာအကွယ်ပေးရန် နှင့် နယ်စပ် ဖြတ် ကျော် အကူအညီများအပါအဝင် အကန့်အသတ်မဲ့ လူသားချင်းစာနာ အကူအညီ များ အားလုံး ကို လူမျိုးဘာသာမရွေး တန်းတူညီမျှစွာ အချိန်မဆိုင်းပဲ ရရှိနိုင်ကြရန် တောင်းဆို ထား သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့်စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည် တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါ အပြည့်အဝလေးစား လိုက်နာလျက် ရှိပြီး အဆိုပါ စံနှုန်းများအတိုင်း ဆက်လက်ရပ်တည်ကာ မြန်မာနိုင်ငံရှိ မည်သည့်အဖွဲ့အစည်းမဆို ဥပဒေနှင့်အညီ အတူတကွ လုပ်ဆောင်ကြရန် မျှော်လင့်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *