Rakhine News

0 0
Read Time:3 Minute, 7 Second

ဘူးသီးတောင်ဗျူဟာဌာနချုပ်စခန်းမှစစ်သားများအားလုံး တပ်မင်ချောင်းရွာသို့ စုပြုံရောက်ရှိပြီး ပြည်သူများကို ဓားစာခံဖမ်းဆီး၊ စစ်ကောင်စီက ရခိုင်နှင့်မူဆလင်တို့အကြား ရန်တိုက်ပေးဟု တပ်မင်းချောင်းရွာသူ ပြောဆို (ရုပ်သံ)

 

D Day News

မေလ ၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်ရှိ တပ်ရင်းများအားလုံးမှ ထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများသည် တပ်မင်းချောင်းရွာသို့ စုပြုံရောက်ရှိသွားပြီး ရွာသူ၊ ရွာသားများကို ဓားစာခံဖမ်းဆီးထားကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်သည်။

 

ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်ရှိ တပ်ရင်းများအားလုံးကို အာရက္ခတပ် တော်မှ တစ်ခုမကျန် သိမ်းပိုက်လိုက်ပြီးသည့်အချိန်တွင် အဆိုပါရန်သူ့စခန်းများမှ တပ်ဖွဲဝင်များသည် တပ်မင်းချောင်းရွာအတွင်းသို စုပြုံရောက်ရှိသွားခဲ့ကြပြီး အဆိုပါရွာသူ၊ ရွာသားများအား လူသားဒိုင်း ကာသဖွယ်အသုံးပြုခဲ့ကြကြောင်း ရခိုင်တပ်တော်က ထုတ်ပြန်ထားသည်။

 

ထိုကြောင့် အဆိုပါ ရွာသူ၊ ရွာသားများသည် စစ်ကောင်စီ၏ရန်ကို ကြောက်လန့်၍ ထွက်ပြေးလာခဲ့ ကြရာ မေလ ၁၉ ရက်ြနေ့တွင် အာရက္ခတပ်တော်မှ ကူညီကယ်တင်ပေးခဲ့ရကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီထံမှ ထွက်ပြေးလာကြပြီး စစ်ဘေးရှောင်လာကြသော တပ်မင်းချောင်းကျေးရွာ၊ ရွာသူ၊ ရွာသားများထဲမှ မူဆလင်အမျိုးသမီးတစ်ဦးမှ ဘူးသီးတောင်မြို့ပတ်ဝန်းကျင် မြေပြင်တွင် လက် ရှိပကတိ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို ပြောကြားခဲ့ရာ –

 

“ငါတို့သားသမီးတွေကိုလည်း ခေါ်သွားကြတယ်။ ယောက်ျားဘယ်ရောက်သွားလဲ၊ ငါ့သားဘယ် ရောက် သွားလဲ၊ ငါ့ယောက်ျားသေပြီ။သေနတ်ကိုင် စစ်တိုက်ခိုင်းလို့ သေသွားကြပြီ။ အာရက္ခတပ် တော်နဲ့ ငါတို့ကို ရန်သူဖြစ်အောင်လုပ်လိုက်ကြတယ်။ ဟိုးအရင်တုန်းရခိုင်သားတွေနဲ့ညီအစ်ကို မောင်နှမလိုနေနေလာခဲ့ကြတာ။ အရင်တုန်းကပြသနာဆိုတာ မရှိခဲ့ဘူး။ အခုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရခိုင်တွေနဲ့ ရန်တိုက်ပေးလိုက်ကြတယ်။ ငါတို့အချင်းချင်းတွေကို ရန်သူဖြစ် အောင်လုပ်ပစ်လိုက်ကြတယ်။ ငါတို့သားသမီးတွေကို ညဉ့်နက်သန်းခေါင်ဆွဲလားရမ်းလားနဲ့ အတင်းအဓမ္မခေါ်သွားကြတယ်။ သားသမီးတွေတိုက်ပွဲလည်းသေသွားခဲ့ကြရပြီ။ သူတို့တွေ ငါတို့ သားသမီးကို သတ်ပစ်လိုက်ကြပြီ။ ညတုန်းက ရခိုင်တပ်တော်နဲ့ စစ်ကောင်စီတွေနဲ့တိုက်ပွဲဖြစ်တယ်။ ငါတို့အသက်ရှင်အောင် ရခိုင့်တပ်တော်က ကယ်ဆယ်ပေးထားတယ်။” စသည်တို့ပြောဆိုထား ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *