Political News

0 0
Read Time:3 Minute, 48 Second

တော်လှန်ကဆုန် ညောင်ရေသွန်းပွဲတော်ဆင်နွှဲကြရန် တော်လှန်ရေးအဖွဲ့များ တိုက်တွန်း

 

D Day News

မေလ ၂၁

 

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာအထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲတော်ကို တော်လှန်ရေ ကဆုန်ညောင်ရေးသွင်းပွဲတော်အဖြစ် ပါဝင်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစု များက တိုက်တွန်းထားကြောင်း သိရသည်။

မေလ ၂၂ ရက်နေ့တွင် ကျရောက်သည့်၁၃၈၆ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားကျောင်းကန် စေ တီ ပုထိုးများသို့ သွားရောက်ပြီး ရေသပ္ပာယ်ခြင်း၊ ဗောဓိညောင်ပင်၌ ရေသွန်းလောင်းခြင်း၊ ကုသိုလ် ကောင်းမှုများ ပြုလုပ်ခြင်းတို့တွင် ဓမ္မဘက်ရပ်တည်နေသော မြန်မာပြည်သူပြည်သားများ အေးချမ်း ကြ ပါစေ၊ ကွဲကွာနေသော မိသားစုများ အမြန်ဆုံးဆုံစည်းနိုင်ကြပါစေ၊ တိုက်ပွဲအတွင်းရှိ PDF ရဲ ဘော် များ ဘေးကင်းကြပါစေ၊ တရားသောစစ်အနိုင်ရပါစေ၊ မြန်မာပြည်သူပြည်သားများ မီး လင်း ပါစေသား၊ အမြန်ဆုံးလွတ်မြောက်၊လွတ်လပ်နိုင်ကြပါစေသား စသည့်ဆုတောင်းခြင်းများဖြင့် ပါဝင် ကြရန် တိုက်တွန်းထားသည်။

 

“ယခုကာလဟာ ဖက်ဆစ်အာဏာရူးတသိုက်ကို လူထုအားနဲ့ ခုခံတွန်းလှန်နေကြတဲ့ ပြည်သူ့တော် လှန်ရေးကာလဖြစ်ပါတယ်။ ဒီတော့ ဒီနှစ် မေလ ၂၂ ရက်နေ့၊ ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း တော်လှန်ရေးဆန်ဆန် ဆင်နွှဲကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ တော်လှန်ရေးဆန်ဆန် ဆင်နွှဲတယ် ဆိုရာမှာ စစ်ကောင်စီ ထိန်းချုပ်ရာဒေသတွေမှာတော့ ဥပမာအားဖြင့် – – ညောင်ရေအိုးများမှာ တော် လှန်စာ၊ – တော်လှန်ဆုတောင်းများ ရေးသားကြတာ၊ – လက်သုံးချောင်း တော်လှန်ရေးသက်ေတ ရေး ဆွဲကြတာ၊ – ညောင်ရေသွန်းလောင်းကြရင်းနဲ့ အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးပါ‌စေ၊ တော်လှန် ရေးကြီး အမြန် အောင်မြင်ပါစေ …. အစရှိသဖြင့် တော်လှန်ရေးအတွက် ဆုတောင်းဆုပန် ပြုကြတာ၊ လပြည့်နေ့ ကုသိုလ်ကောင်းမှုပြုကြရာမှာ တော်လှန်ရေးကို တိုက်ရိုက်အကျိုးပြုမယ့် ကူညီ၊ ထောက် ပို့၊ လှူဒါန်းမှုများ ပြုကြတာ အစရှိသဖြင့် မိမိတို့ အဆင်သင့်သလို၊ ဉာဏ်ရှိသလို ဖော်ဆောင်ကြ တာကို ဆိုလိုပါတယ်။”ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောကြားသည်။

 

တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဒေသများမှ ပြည်သူလူထု အနေ ဖြင့်လည်း ကဆုန်လပြည့် တော်လှန်ညောင်ရေသွန်းလောင်းပွဲတော်ကို တော်လှန်ရေးပုံရိပ်များ ဝေဝေဆာဆာဖြင့် အင်ပြည့်အားပြည့် ဖော်ဆောင်၊ ဆင်နွှဲကြရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

“ကျနော်တို့ အဆုံးသတ်အောင်ပွဲမှတ်ကို အမြန်ဆုံးရောက်ရှိဖို့အတွက်ကလည်း ပြည်သူ့အား၊ ပြည်သူ့ ရုန်းကန်မှု၊ ပြည်သူ့အထွေထွေအုံကြွတော်လှန်မှုက အခရာအကျဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည် သူ တစ်ယောက်ချင်းစီအနေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း အာဏာရူး စစ်ကောင်စီရဲ့ မြစ်ပြတ် သည်အထိ ချီတက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်”ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်း ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *