Pakokku & Pauk News

0 0
Read Time:2 Minute, 50 Second

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ပေါက်မြို့နယ်တွင် ပျူများကို တိုက်ခိုက်မှု ၄ ဦးသေဆုံး

 

D Day News

မေလ ၂၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၉ ရက်နေ့က ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်ဖွင့်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Pakokku People Defense Force – PPDF တပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားတစ်ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အရှေ့ချောက်ကန်ကျေးရွာနေပြည်များမှ အကြမ်းဖက်စစ်ကောင် စီတပ်သားများနှင့် စကားပြောဆိုနေသဖြင့် တိုက်ခိုက်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရခြင်းဖြစ်ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာနေထိုင်ခြင်း မပြုရန်၊ ဂိတ်များ၊ စခန်းများ၊ ကင်းစခန်းများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန်နှင့် ဝင်ရောက်တိုက်ခိုက်ချိန် ထိ ခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း အသိပေးထားသည်။

 

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူကျေးရွာမှ ရွာ၏ တောင်ဘက်သို့ ထွက်လာ သောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက် နံနက်ပိုင်းက ပေါက်မြို့နယ်၊ ယာကြီးပြင်ပျူကျေးရွာ တောင်ဘက်သို့ အင် အား ၁၅ ဦး ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပခုက္ကူခရိုင် တပ်ရင်း ၅ ၊ တပ် ရင်း ၁၂ နှင့် နယ်မြေခံ ပကဖ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *