Salin Township News

0 0
Read Time:2 Minute, 11 Second

စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ၁၀ ဦး ထက်မနည်း သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၀

 

မကွေးတိုင်း ၊စလင်းမြို့နယ် ၊လင်းဇင်းတိုက်နယ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။

 

မေလ ၁၈ ရက် နံနက် ၅ နာရီခန့်က စလင်းမြို့နယ်၊ လင်းဇင်တိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ် ရေး မဟာမိတ်တပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအား စီးနင်းတိုက်ခိုက် နေ ချိန် တက်တူတမံလမ်းဘက်မှ အကြမ်းဖက်စစ်တပ် စစ်ကူယဥ်တန်းကို ဖြတ်တောက်ရေးတပ်ဖွဲ့မှ ရှေ့ဆုံး ကားကို မိုင်းဆွဲပြီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

လင်းဇင်းရဲစခန်းကို သိမ်းပိုက်နိုင်ရန် လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ သော်လည်း အကြမ်းဖက်စစ်တပ်မှ စစ်ကူများ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသဖြင့် နံနက် ၆ နာရီခွဲ အချိန် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ရဲစခန်းအတွင်း၌ အကြမ်းဖက်စစ်သား၊ ရဲများ အများအပြား ထိခိုက်သေဆုံးသည်ကို တိုက်ပွဲဝင်ရဲဘော်များ မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊အမှတ် ၁ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်း ၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDC ၊ SLN (PDF) ၊ ဒေါင်းစစ်အောင် Local (PDF) နှင့် မိုးကြိုး ပြောက်ကျား စသော မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *