Loikaw Jail News

0 0
Read Time:5 Minute, 6 Second

လွိုင်ကော်အကျဉ်းထောင်တွင်းရှိ အကျဉ်းသား ၄၀၀ ထောင်ကျော် အဟာရ ပြတ်လပ်မှုကြုံတွေ့ နေရပြီး လေဖြတ်သကဲ့သို့ ဝေဒနာများ ခံစားနေရ

 

D Day News

မေလ ၂၀

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အကျဉ်းထောင်အတွင်း၌ အကျဉ်းသူ၊ အကျဉ်းသား ၄၀၀ ကျော် အဟာရ ပြတ်လပ်မှုကြုံတွေ့နေရပြီး လေဖြတ်သကဲ့သို့ ဒေသနာများခံစားနေကြရကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စ၍ ၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေးနှင့်အတူ လွိုင်ကော်မြို့အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားလျက် ရှိရာ လွိုင်ကော်အကျဉ်းထောင်၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ထောင်အတွင်းဝင်‌ရောက် တပ် စွဲ နေရာယူခဲ့ကြောင်း သိရသည်။

 

မြို့တွင်းတိုက်ပွဲများကြောင့် လွိုင်‌ကော် မြို့ခံပြည်သူများနှင့်အခြား ကရင်နီဒေသရှိပြည်သူများ စစ် ဘေး ရှောင်ရခြင်းများ ပို၍များပြားလာပြီး အကျဉ်းထောင်သို့ ပုံမှန်ပါဆယ်ပို့ပေးနေကြသည့် မိသားစု ဝင်များ ပုံမှန်ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်း မရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် ၆ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

မိသားစုဝင်များ ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်းမရှိသဖြင့် အကျဉ်းသားများသည် အကျဉ်း ထောင်မှ ကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိက အားပြု နေကြရပြီး အကျဉ်းထောင်အတွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပင်လျှင် ရိက္ခာကို ချွေတာစားသောက်နေကြရကြောင်း သိရသည်။

 

ထို့ကြောင့် လွိုင်ကော်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အကျဉ်းသားများကို အကျဉ်းထောင်မှ ပုံမှန်ကျွေးရန် သတ်မှတ်ထားသည့် ထမင်း၊ ပဲဟင်းနှင့် တပတ်စာ အသားဟင်း ၄ တုံးကိုပင် ကောင်းမွန်စွာ မကျွေးမွေးနိုင်တော့ပဲ ဆန်၊ငါးပိနှင့်ဆား ကြမ်း ကိုသာ အကျဉ်းထောင်တာဝန်ရှိသူများက ကျွေးနေကြောင်း သိရသည်။

 

အချိန်ကာလအားဖြင့် (၆)လကျော်သည်အထိ ဆန်အကြမ်းနှင့်ငါးပိအနည်းငယ်ကိုသာ အသက်မသေ စေရန် အားပြုစားသောက်နေကြရသည့် နိုင်ငံရေးအကျဉ်းသားများသည် ဗီတာမင်ဓာတ်ပြည့်ဝသည့် အစားအသောက်များကို ကောင်းစွာစားသောက်ရမှု မရှိခြင်း၊အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန် စွာနည်းပါးပြီး ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့် ကန့်သတ်ခံထားရသည့်အတွက် ကိုယ်ခန္ဓာ များ ချိနဲ့လာကာ အချို့နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူများမှာ ထောင်အခေါ်တုတ်ဆွဲခြင်း (လေ ဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရကြရကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။

 

ယခုကဲ့သို့ အကျဉ်းထောင်အတွင်း စားသောက်ရေးပြတ်လတ်မှုကို အချိန်ကြာမြင့်စွာ ခံကြရမည် ဆိုလျင် လက်ရှိကျန်းမာရေး ချို့ယွင်းလာသူများသည် အာဟာရပြတ်လတ်၍ အချိန်မရွေး သေဆုံး သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရဟု ဆိုသည်။

 

ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အနေဖြင့် လွိုင်ကော်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအပါအဝင် အခြားရာဇဝတ်အကျဉ်းသား၊အကျဉ်းသူများ လက်ရှိ ရင်ဆိုင်နေရသည့် ကျန်းမာရေးကိစ္စရပ်များနှင့် အခြေခံစားသောက်ရေးကိစ္စရပ်များကို ပို့ဆောင်ပေး နိုင်ရေးကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးနိုင်မှသာ အကျဉ်းသားများ ကောင်းမွန်စွာ အ သက်ရှင်နိုင်မည်ဖြစ်ပြီး မြန်မာပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN)နှင့် နိုင်ငံတကာ လူအ ခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မေ့မထားကြပဲ အာရုံစိုက်ဆောင်ရွက်ပေးကြရန် အထူးလိုအပ် လျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တိုက်တွန်း ထားသည်။

 

လွိုင်ကော်အကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသူ နိုင်ငံရေးအကျဉ်းသား၊ အ ကျဉ်းသူ ၁၁၀ ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း ၄၀၀ ကျော် ထောင်အတွင်း အကျဉ်းချခံထား ရဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *