KNU News

0 0
Read Time:2 Minute, 37 Second

ဆောထိမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး

 

D Day News

မေလ ၂၀

 

ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆော ထိမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ဘုန်းကြီးကျောင်းဆောင်တန်းအမိုး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၁၆ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ် အမှတ်၂၀ တပ်မှ ၈၁-မမ လက်နက်ကြီးဖြင့် ဆောထိမြို့နယ်၊ ရေဖြူကန်ကျေးရွာအတွင်သို့ ရည်ရွယ်ချက် ရှိရှိပစ်ခက်ခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော အသက် ၇၂ နှစ်အရွယ် ဦးမြတ်သိန်း ထိမှန်သေဆုံးခဲ့ပြီး ရေဖြူကန် ဘုန်းကြီးကျောင်းဆောင်တန်း အမိုးများပျက်စီးခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၂၆၄ မှ ၁၂၀ မမ လက်နက် ကြီး ၏များ ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာသစ်ရွာ အတွင်း ၂ လုံး၊ ကျောက်တန်းကျေးရွာအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့နောက် ည ၁၀ နာရီ ၃၉ မိနစ်အချိန်တွင် ရွှေကျင်ဗျူဟာမှ ၁၂၀-မမ လက်နက်ကြီးကို ပစ်ခတ်ခဲ့ရာ ကျွန်းတဲစုကျေးရွာအတွင်းကျရောက်ပြီး အသက် ၆၈ နှစ်အရွယ်  ဦးဝင်းတင် ထိမှန်ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ ကြောင်း၊ ထို့အပြင် ကျောက်တန်းကျေးရွာ၊ ဝိုင်မင်္ဂလာကုန်း၊ ညောင်အိုင်ကျေးရွာအနီးတို့ တွင်လည်း လက်နက်ကြီး များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ခလယ်လွီထူခရိုင် အတွင်းရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် အဆက်မပြစ် ပစ်ခက်လျက်ရှိသဖြင့် ကျေးရွာနေ သက်ကြီး ရွယ်အိုများ ကလေးသူငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် အ သက်ရှင် နေထိုင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *