တံတားဦးနှင့်ငါန်းဇွန်မြို့နယ်တို့အတွင်းလှည့်လည်နေသော စစ်ကြောင်းကို ၃ ရက်ကြာတိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး
D Day News
မေလ ၁၉
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို ၃ ကြာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ ကြောင်း တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က သတင်းထုတ်ပြန်သည်။
မေလ ၁၂ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်ကြား ကျွဲဇိမ်နှင့် နဝရတ်ကြား မိုင်းကွင်းပေါ် တည့်တည့်ရပ်နေသော စစ်ကောင်စီကား၂ စီးကို ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး ထိခိုက်သူ အများအပြားရှိကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများညသ် ထန်းတပင်ရွာထဲသို့ ဝင်ရောက်စီးနင်းခဲ့ရာ တော်လှန်ရေးအင်အားစုများမှ ကျေးရွာနေပြည်သူများကို အချိန်မီ ကယ်ထုတ် ခဲ့ရကြောင်း သိရသည်။
ထိုသို့ပြည်သူများထွက်ခွာပြီးနောက် အကြမ်းဖက်စစ်သားများမှာ ထန်းတပင်ရွာထဲ၌ တပ်ဆွဲထား ခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက Drone ဗုံးသီးများ၊ လက်နက် ကြီးများဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာသဖြင့် လက်နက် ကြီး များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှု ရှိခဲ့ကြောင်း သိရသည်။
မေလ ၁၃ ရက်နေ့တွင် ထန်းတပင်ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို လက်နက်ကြီးများဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တန်ပြန်ပစ်ခတ်လာသဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ Drone များ၊ လက်နက်ကြီးများ ဖြင့်ပါ ပြန်လည်ခုခံတိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်စစ်သားများအား တော်လှန်ရေးအင်အားစုများမှ လက် နက်ကြီး လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်း ၃ ရက်ကြာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများအပြား ထိခိုက် သေဆုံးသည်ဟု သတင်းရရှိသော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို တံတားဦးမြို့နယ် ပကဖ ၊ Youths Of Mandalay (Y.O.M) မြင်းခြံခရိုင် တပ် ရင်း အမှတ် ၆ တပ်ခွဲ ၃ – Special Task Force – NgaZun ၊ ဧရာဝတီမင်းသား နှင့် ရွှေဂျိုးဖြူ ပြည်သူ ကာကွယ်ရေးအဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
D Day News