Shwe Bo News

0 0
Read Time:1 Minute, 40 Second

ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၁၉

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force ထံမှ သိရသည်။

 

မေလ ၁၇ ရက် နံနက် ၅ နာရီခန့်က ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်အတွင်း၌ အထိုင်ချတပ်စွဲထား သော လေ့ကျင့်ရေး ၈ မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစုများက ရှေ့ထွက်မိုင်းတစ်ခုံးဖြင့် ဖောက်ခွဲပြီးနောက် စက်လက်၊ မောင်းပြန်သေနတ်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိလာသဖြင့် အခြေအနေ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force ချေမှုန်းရေးတပ်ဖွဲ့နှင့် တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူး‌ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *