TNLA News

0 0
Read Time:2 Minute, 4 Second

နမ့်ဆန်မြို့နယ် ဟိုက်တောင်ရွာတွင် မီးလောင်မှုဖြစ်ပြီး မြေးအဖွား ၃ ဦး မီးလောင် သေဆုံး

 

D Day News

မေလ ၁၈

 

တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ် ဟူးဆာအုပ်စု ၊ ဟိုက်တောင်ရွာတွင် မီး လောင်မှုဖြစ်ခဲ့ပြီး မြေးအဖွား ၃ ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယနေ့ မေလ ၁၈ ရက် နံနက်အစောပိုင်း ၂ နာရီ မိနစ် ၃၀ အချိန်တွင် သေချာငြိမ်းသတ်ထားခြင်းမရှိ သည့် မီးကြွင်းမီးကျန် မှတဆင့် စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး လေတိုက်အားကောင်းသဖြင့် မီးငြှိမ်း သတ်နိုင်ခြင်းမရှိပဲ နေအိမ်အတွင်းရှိ အသက် ၅၄ နှစ်အရွယ် ယာအေမန်၊ မြေးဖြစ်သူ အသက် ၆ နှစ် အရွယ် မိုင်းအဇူနှင့် အသက် ၄ နှစ်အရွယ် မိုင်းအိုက်ညီတို့ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်အတွင်း၌ မြေးအဖွား ၄)ဦး နေထိုင်ကြပြီး အသက် ၅၄ နှစ် အရွယ် ယာအေမန်သည် နှလုံးရောဂါရှိသောကြောင့် မီးလောင်နေစဥ် နေအိမ်အတွင်းပင် သတိလစ် မေ့မြော သွားခြင်းဖြစ်ပြီး  မြေးဖြစ်သူ အသက် ၆ နှစ်အရွယ် မိုင်းအဇူ နှင့် အသက် ၄ နှစ်အရွယ် မိုင်းအိုက်ညီ တို့နှစ်ဦးလည်း ကယ်တင်မည့်သူမရှိသဖြင့် မီးလောင်သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

​မီးလောင်မှုဖြစ်နေစဉ် ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် PSLF/TNLA ၏ နမ္မတူမြို့ မီးသတ် တပ်ဖွဲ့ မှ သွားရောက်ကူညီပေးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ခဲ့သည့်ဖြစ်စဥ်အား စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *