Yesagyo News

0 0
Read Time:3 Minute, 45 Second

ရေစကြိုမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် အကြမ်းဖက် စစ်သားများ တန်ပြန်တိုက်ခိုက်ခံရပြီး စစ်သား ၃၀ ခန့်သေဆုံး၊ သေနတ် ၉ လက်သိမ်းဆည်းရရှိ

 

D Day News

မေလ ၁၇

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ‌ တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တန်ပြန်ခုခံစစ်ဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ခန့်သေဆုံး ပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့မေလ ၁၇ ရက် နံနက် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၃၅ ၊ ၂၅၇ ၂၅၈ တို့မှ အကြမ်းဖက်စစ်သား အင်အား ၃၀၀ ကျော်ဖြင့် ရေစကြိုမြို့နယ်၊ ကျောက်ထပ်ရွာ၊ သဲတောရွာ၊ ဇီး တောရွာတို့ကို ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို တပြိုင်ရောက်စီးနင်းရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တန်ပြန်ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော် သေ ဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ်ကနေ စပြီးတော့ PDF ကိုစခန်းကို အဓိကဝင်စီးတာ။ ဝင်လာတဲ့အချိန် မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်မှုဖြစ်သေးတယ်။ PDF တွေက နောက်ဆုတ်ပြီး လက်နက် ကြီးနဲ့ ပြန်ပစ်တဲ့အချိန်မှာ စခတွေထိတာ။ PDF တွေက ဆုတ်သွားပြီးတော့စခတွေဝင်စီးနေတဲ့ အချိန် PDF တွေက ကိုယ့်စခန်းထဲကိုလက်နက်ကြီးနဲ့ ပြန်တာမှာ စခတွေထိတာ။ စခန်းထဲဝင်လာတဲ့ စခ မှန်သမျှ သေတဲ့သူသေ။ ဒဏ်ရာရတဲ့သူမှန်သမျှ ဒဏ်ရာရ၊ ခြေပြတ်၊လက်ပြတ်တွေဖြစ်ကုန်တာ၊” ဟု တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ စခန်းသိမ်းသိမ်းပိုက်ခံပြီး လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်တိုက်ခိုက်ပြီးနောက် ယင်းအကြမ်း ဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ရန် PDF တပ်ဖွဲ့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် တိုက်စစ်ဖွင့် ခဲ့ရာ နံနက် ၇ နာ ရီ ၁၅ မိနစ်အချိန်တွင် PDF စခန်းအတွင်း၌ လက်နက်ကြီးထိမှန်ကာ လက် ကောက်ဝတ်မှ ပြတ်ထွက်ဒဏ်ရာ အကြမ်းဖက်စစ်သား ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးသည် ဆိုင် ကယ် ၅ စီးဖြင့် ရှေ့ပြေးထွက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၁၀ ဦးစလုံး သေဆုံးသွားပြီး သေနတ် ၉ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

“သေဆုံးသွးတဲ့ စစ်ခွေးအရေအတွက် ၃၀ ကျော်ရှိတယ်ဗျ။ အနီးကပ်ပစ်သတ်လိုက်တာက ၁၀ ကောင်၊ လက်နက်က ၉ လက်ရတာ။ စခန်းထဲမှာ လက်နက်ကြီးနဲ့ပစ်လို့ သေတဲ့ စခတွေက ကားနဲ့ ခေါက်တုန့်ခေါက်ပြန် သယ်ကြတာ။ ၆၀ မမ ၂ လုံးစာမိတာကို အယောက် ၂၀ နီးပါးသေတယ်၊ ဒါက ထိခိုက်ဒဏ်ရာရတဲ့ စာရင်း မပါသေးဘူး။” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ အကြမ်းဖက်စစ်သားများသည် ကျောက်ထပ်ကျေး ရွာမှ ပြည်သူ အမျိုသမီးတစ်ဦးကို ဦး ခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ပြည်သူအများအပြားကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ထို့အပြင် သဲတောကျေးရွာမှ အပြည်သူများကိုလည်း ဓားစာခံဖမ်းဆီးသွားပြီး ဇီးတောကျေးရွာကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *