NUG News

0 0
Read Time:3 Minute, 38 Second

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် မဟာဗျူဟာ ထိုးစစ် စတင်တော့မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အသိပေး

 

D Day News

မေလ ၁၇

 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် မကြာခင်ကာလအတွင်း ထုအင်အားတည်ဆောက် ပြီး ထိုးစစ်စတင်တော့မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရမည်မွန်က အသိပေးပြောကြားသည်။

 

အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် NCO အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲသို့ ပေးပို့သော သဝဏ်လွှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထည့်သွင်းပြောကြားခဲခြင်းဖြစ်သည်။

 

“ယခုအခါ မြန်မာနိုင်ငံမြောက်ပိုင်းကနေ တောင်ပိုင်းအထိ ကျယ်ပြန့်တဲ့ နယ်မြေ တလျောက်မှာ လှုပ် ရှား တိုက်ခိုက်နိုင်နေပြီ ဖြစ်တယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့စစ်ရေး အခြေအနေတွေအရ မကြာခင် ကာလ မှာ ထု အင်အား တည်ဆောက်ပြီး မြေပြန့် ဒေသ မဟာဗျူဟာ ထိုးစစ် စတင်တော့မှာ ဖြစ် တယ်။ ဒီ စစ်ရေး လိုအပ်ချက် တွေကို ကြိုတင် ပြင်ဆင်ဖို့ အတွက် ယခုလို သင်တန်းမျိုးတွေကို နေ ရာ အနှံ့မှာ စီစဉ် ဖွင့်လှစ်နေခြင်း ဖြစ်တယ်။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်နက်မရှိ၊ စစ်ပညာ မသိ၊ စစ်ရေး အတွေ့အကြုံမရှိသည့် အခြေနေမှ ပြည်သူလူထုတစ်ရပ်လုံး၏ ပံ့ပိုးကူညီမှု၊ တပ်မှူး၊ တပ်သားများ ၏ စွန့်လွှတ်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအနှံ လှုပ်ရှားတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း အသိပေး ထားသည်။

 

“ယခုသင်တန်း တက်ရောက်တဲ့ ရဲဘော်တို့ဟာ စစ်မြေပြင် အတွေ့အကြုံ အသီးသီး ရှိနေသူများ ဖြစ်တဲ့အတွက် ဒီ သင်တန်းကနေ လက်တွေ့အသုံးချ သင်ခန်းစာများကို ပို့ချနိုင်မယ်လို့ ယုံကြည် တယ်။ ရဲဘော်တို့အနေနဲ့ နှစ်ဆင့်မြင့် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်ဖို့ အမြဲအစဉ်သင့် ပြင် ဆင်လေ့လာ သင်ယူနေကြဖို့ လိုတယ် ဆိုတာလည်း အသိပေးလိုတယ်။” ဟု ရည်မွန်က ပြော ဆိုသည်။

 

ရဲဘော်တို့အနေဖြင့် စစ်အမိန့်နှင့် စစ်စည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံရာတွင်လည်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာကာ လေးလေးစားစား ဆက်ဆံကြရန် လိုအပ်ကြောင်း၊ ယခုတော်လှန်ရေးတစ်ခုလုံးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည် ကို အစဉ်သတိရှိဖို့ကြောင်း ဆက်လက်ပြောကြားသည်။

 

“မကြာခင်ကာလမှာ ပြည်သူ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့လွတ်လပ်မှု၊ တရားမျှတမှု နဲ့တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ဖို့ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့မှာ ဖြစ်တယ်။ ရဲဘော် တို့အားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးစားအားထုတ်ကြဖို့ အသိပေးလိုတယ်။” ဟု NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *