Karen News

0 0
Read Time:3 Minute, 17 Second

ကရင်ပြည်နယ်၌ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၄၀၀ နီးပါးဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၃၀ ဦး သေ ဆုံးကာ ၅၇ ဦးအရှင်ဖမ်းမိ၊

 

D Day News

မေလ ၁၇

 

ကရင်ပြည်နယ်၌ဧပြီလအတွင်း ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ သင်္ကန်းညီနောင်ရှိ ခမရ ၃၅၅ ၊ ခမရ ၃၅၆ ၊ ခမရ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်တိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်း ၃၈၇ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၃၀ ဦးသေဆုံးကာ ၅၇ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တောင် ပိုင်းတိုင်းစစ်ဒေသ သတင်းထုတ်ပြန်သည်။

 

ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကရင်ပြည်နယ်၊ဖာပွန်မြို့သိမ်းတိုက်ပွဲ၊ သင်္ကန်းညီနောင်ရှိ ခမရ ၃၅၅ ၊ ခမရ ၃၅၆ ၊ ၊ ခမရ ၃၅၇ တပ်ရင်းများနှင့် ဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်တိုက်ပွဲ အပါ အဝင် စခန်းသိမ်းတိုက်ပွဲများ ၅ ကြိမ်၊ ထိတွေ့တိုက်ပွဲပေါင်း ၇၁ ကြိမ်၊ စစ်တပ် အထိုင်ချတပ်စွဲထား သော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက် ခိုက်မှု ၃၃၆ ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁၁ ကြိမ်၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်မှု ၁၃ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၅ ကြိမ်၊ စစ်တပ်ဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု ၇ ကြိမ် တို့ကို ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၃၀ ဦးသေဆုံးပြီး ၂၄၁ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်တပ်သတင်းပေးဒလန်၊ လက်နက်ချအညံ့ခံသူများအပါအဝင် ၅၇ ဦးကို သုံ့ ပန်းအနေဖြင့် အရှင်လက်ရဖမ်းဆီးရရှိခဲ့ပြီး ခဲယမ်းလက်နက်မျိုးစုံနှင့် ကျည်အမြောက်အများကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်များတပ်ဖွဲ့များမှ ရဲဘော် ၃၂ ဦး တိုင်းပြည် အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး ၁၃၄ ဦး ထိခိုက်(မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကရင်အမျိုးသားလွတ် မြောက် ရေး တပ်မတော် KNU (KNLA) နှင့် Force For Federal Democracy (FFD) ၊ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် (BPLA) မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် တောင်ပိုင်းစစ်‌ဒေသအနေဖြင့် တိုက်ခိုက်သိမ်းပိုက်ထားသော ဖာပွန်မြို့ အပါအဝင် ဗျူဟာကုန်းများကို ဆက်လက်ထိန်းချုပ်ထားပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းတလျောက်အား ပြန်လည်ထိန်းချုပ်ရန် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၅၅ ၊ စကခ ၁၂ လက် အောက် ခံတပ်များကို လမ်းတလျှောက် အသင့်စောင့်ကြို တားဆီးပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *