Gangaw News

0 0
Read Time:3 Minute, 2 Second

ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာနှင့် ရေသာရွာကို မြောက်ခင်ရန်းရွာပျူစောထီးများကို ဝင်ရောက်စီး နင်းပြီး အသက် ၈၀ ကျော် အရွယ် အဘိုးအိုတစ်ဦးနှင့် ၉ နှစ်အရွယ် ကလေးတစ်ဦးတို့ကို မီးရှို့သတ်ဖြတ်

 

  • ပျူစော ထီးများ၏ မီးရှို့မှုကြောင့် ရေသာရွာမှ နေအိမ် ၁၄ လုံးနှင့်ရွှေဘိုရွာမှ နေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံး

 

D Day News

မေလ ၁၇

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာနှင့် ရေသာရွာကို အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြောက် ခင်ရန်းရွာမှ ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး အသက် ၈၀ ကျော် အရွယ် အဘိုးဦးသာနွယ်နှင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်း ကျေးရွာ ရှိ ပျူစောထီးများသည် ရေသာရွာနှင့် ရွှေဘိုရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးခဲ့ သဖြင့် ရေသာရွာတွင် လူနေအိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး ရွှေဘိုရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အနက် လူနေအိမ် ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

 

“ရွှေဘိုရွာက အသတ်ခံလိုက်ရတဲ့ အသက် ၈၀ ကျော်အရွယ် ဦးသာနွယ်က မျက်စိလဲသိပ်မမြင်ဘူး နားလဲမကြားဘူး။ ဘယ်မှမသွားနိုင်လို့ အိမ်မှာကျန်ခဲ့တာ။ သူကို ပါးစပ်ကို အဝတ်နဲ့ဆိုပြီး ဝှေးစေ့ကို ထုတ်ယူသွားပြီးမှ ခေါင်းကိုရစရာမရှိအောင် သေနတ်နဲ့ ရက်ရက်စက်စက်ရစရာပစ်သတ် သွားတာဗျ။ ပြီးတော့ အိမ်ထဲမှာရှိတဲ့ နွားတစ်ကောင်လည်း ပစ်သတ်သွားတယ်။ ရွာထဲမှာလဲ မီး လောင် ကျွမ်း ထားတဲ့ ၉နှစ်အရွယ် ကလေးငယ် တစ်ယောက်ရဲ့ အလောင်းတစ်လောင်းတွေ့ထားတယ်လို့ သိရ တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ သေချာအတည်မပြုနိုင်သေးဘူး။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများသည် ရွှေဘိုကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းမှ ကျောင်းဆောင်တစ်ဆောင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျောင်းရှိ သံဃာ ၇ ပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းသံဃာ ၇ ပါးကို ယနေ့‌မေလ ၁၇ ရက်နံနက် ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

 

မီးရှို့ဖျက်ဆီးခံရသည့် ရေသာရွာနှင့်ရွှေဘိုကျေးရွာသည် မြောက်ခင်ရမ်းပျူစောထီးရွာနှင့် အနီးဆုံး ကျေးရွာများဖြစ်ပြီး ရွှေဘိုကျေးရွာသည် ပျူစောထီးများ၏ ဝင်ရောက်မီးရှို့ဖျက်ဆီးမှု ၃ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *