Dawei News

0 0
Read Time:2 Minute, 10 Second

ထားဝယ်မြို့နယ်၊ အမှတ် ၈ စစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ် – စကခ ၈ ကို ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်

 

D Day News

မေလ ၁၇

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာရှိ အမှတ် ၈ စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ် – စကခ ၈ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က ထားဝယ်မြို့၊ သပြေချောင်း ကျေး ရွာရှိ အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိပိုင်း များ စုဝေး‌‌ရောက်ရှိရာ အဆောက်အဦးများနှင့် ရပ်နားထားသော MI-2 ရဟတ်ယာဉ် နှစ်စီးကို ပစ် မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF၊ TPLF Drone တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းမှ Sky Ghost Drone force၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းမှ T5 Wing၊ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ KBDF Drone တပ်ဖွဲ့နှင့် YAF Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ စစ်ရေးတုန့်ပြန်မှုအနေဖြင့် အနီးအနားရှိ ကျေးရွာများ အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် MI-2 ရဟတ်ယာဉ် တစ်စီး ဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ သို့သော်လည်း ဒရုန်းစစ်ဆင်ရေး လုပ် ဆောင်ခဲ့သည့် ရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ကထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *