Danu News

0 0
Read Time:3 Minute, 25 Second

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုယ်ဝန်ဆောင်ဇနီးသည်ရှိသူ၊ အရွယ်မရောက်ကလေးငယ်ရှိသူ ဖခင်များပါမချန် စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေ

 

D Day News

မေလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကိုယ် ဝန်ဆောင် ဇနီးသည်ရှိသူ၊ အရွယ်မရောက်သေးသည့် ကလေးငယ်ရှိသူများပါမချန် အတင်း အဓမ္မစစ် မှုထမ်းခိုင်းနေပြီး ဒုက္ခရောက်နေကြကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

“ရက်ကွက်တွေထဲမှာ သူတို့သတ်မှတ်ထားတဲ့ စစ်မှုထမ်းသက်ထဲပါတဲ့သူတွေဆိုအကုန် မဲနှိုက်ပြီး လိုက်ကြရတာ၊ တချို့ဆိုရင် ကလေးငယ်ငယ်လေးတွေ၊ တချို့က ကိုယ်ဝန်ဆောင် အမျိုးသမီးရှိတဲ့ သူတွေပါ လိုက်ကြရတာ၊ မိသားစုတွေတကွဲတပြားနဲ့ ငိုကြ၊ ယိုကြနဲ့ အတော်ဒုက္ခရောက်နေကြ တယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြာသည်။

 

တစ်ရပ်ကွက်လျှင် အသက်သတ်မှတ်ချက်အရ လူဦးရေအရှိအတိုင်း လိုက်လံကောက်ယူနေခြင်း ဖြစ်ပြီး လိုက်မည့်သူမရှိပါက တစ်အိမ်လျှင် ငွေကျပ် ၅ သောင်း၊ တစ်သိန်းနှုန်းစုကာ လူငှားထည့် နေကြရကြောင်း၊ စစ်မှုထမ်းစာရင်းမဲပေါက်ပြီးနောက် ဆေးစစ်ရန်ခေါ်ဆိုကာ အဆက်အသွယ် မရပဲ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

“လူငှားက ညောင်ရွှေတို့ဘက်ဆီသွားငှားကြတယ်လို့ ပြောတယ်။ ရပ်ကွက်အလိုက် တစ်ပတ်ကို တစ်ယောက် နှစ်ယောက်ပေးနေကြရတာ၊ မငှားနိုင်တဲ့ရပ်ကွက်တွေကျတော့ ကိုယ်တိုင်လိုက်သွား ကြရတာ၊ လူငှားထည့်လို့လည်း တစ်ခါတည်းပြီးတာမဟုတ်ဘူး။ တောက်လျှောက်ကြီးဆိုရင်မလွယ် ဘူး။ တစ်ချို့ဆိုရင် စစ်မှုထမ်းဖို့ ဆေးစစ်မယ်ခေါ်ပြီး ပျောက်သွားတဲ့လူငယ်တွေလည်းရှိတယ်။ မိသားစု နဲ့လည်းအဆက်အသွယ်မရဘူး။” ဒေသနေပြည်သူတစ်ဦးက ရှင်းပြသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်သည် စစ်မှုထမ်း ဥပဒေအား ထုတ်ပြန်ပြီးအချိန်တွင် ဓနုဒေသရှိ လူ ငယ် /လူရွယ်များအား စစ်မှုထမ်းရန်ခေါ်သွားခြင်းများရှိခဲ့ပြီး ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း စစ်မှုထမ်းသူများအား ထောက်ပံ့ရန်အတွက် တစ်အိမ်ထောင်လျှင် ၃၀၀၀ဝိ/- (ကျပ် သုံးသောင်း တိတိ) ကောက်ခံလျက်ရှိကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်ရှိ မိဘပြည်သူများနှင့်လူငယ်/လူရွယ် များမှာ များစွာအခက်တွေ့နေရကြောင်း ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၁၀၀၃ က ထုတ်ပြန်ထားသည်။

 

လက်ရှိအချိန် ရွာငံမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် အပေါင်းအပါများ ရှိသည့် နေရာများသို့ သွားလာခြင်း ၊ သတင်းပေးခြင်းများနှင့်ထောက်ပံ့မှု ပေးခြင်း များ မပြုလုပ်ကြရန် ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ က မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *