Myingyan News

0 0
Read Time:3 Minute, 15 Second

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆၀ ခန့်သေဆုံးပြီး ဖောကား ၂ စီးဖြင့် အလောင်းများ သယ်ယူ၊ စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရွာရှည်ရွာတစ်ရွာလုံးကို မီးရှို့ဖျက်ဆီး (ရုပ်သံ)

 

D Day News

မေလ ၁၅

 

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ရွာရှည်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆၀ ခန့်သေဆုံးပြီး အလောင်းများကို ဖောကား ၂ စီးဖြင့် သယ်ယူသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ ထံမှ သိရသည်။

 

မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ရွာရှည်ဘက်သို့ အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို  Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိအခိုက် အသေဆုံးများပြားပြီး ရှေ့သို့ဆက်တိုးနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် မေလ ၁၄ ရက် နံနက် ၆ နာရီအချန်ခန့်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီ၏ ရေတပ်မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊ ဝေဟင်မှ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက် ခြင်း တို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

“အလောင်းတွေကိုတော့ ကတောရွာဘက်ကို သယ်သွားတယ်။ အဲဒီရွာကနေမှ ည ၁၁ နာရီခွဲ လောက်တစ်ခါ၊ မနက် ၃ နာရီခွဲလောက်တစ်ခါ ဖောကား ၂ အစီးအပြည့် သယ်သွားတယ်။ အနည်း ၆၀ ကျော်လောက်သေတယ်လို့ သတင်းရတယ်။ ကျနော်တို့ မျက်မြင်ကိုက ၃၀ ကျော်လောက် ဆွဲ ယူသွားတာ တွေ့တယ်။ ဒဏ်ရာရတဲ့သူ ၈၀ လောက်ကိုလည်း ကတောရွာထဲမှာ ဆေးကုနေတယ်။ အော်သံတွေလည်း ကြားနေရတယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ယင်း ၂ ရက်တာ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးပြီး ၈၀ ခန့် ဒဏ်ရာ ရရှိကာ MBTတပ်ဖွဲနှင့် ညီနောင်မဟာမိတ်များဘက်မှ ရဲဘော် ၁၅ ဦးခန့် (မစိုးရိမ်ရ) ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအပြီး အကြမ်းဖက်စစ်သားများက ရွာရှည်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ပြီး ရွာလုံးကျွတ်မီးရှို့သွားကြောင်း သိရသည်။

 

အဆိုပါ ခုခံတိုက်ခိုက်မှုကို  Myingyan Black Tiger – (MBT) – (မြင်းခြံခရိုင်တပ်ရင်း ၉)၊ မြင်းခြံ ခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊Royal Eagle People Defence ၊ Myingyan Danger Dynamit၊Drone Fighter Kani – D. F. K၊Anyar Federal Task Force၊27 Revolution Force၊ BGF နှင့် အခြားညီနောင်မဟာ မိတ်များ ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *