KIA စစ်ဦးစီးချုပ်၊ NUG အစိုးရ အမှတ် ၁ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန် ခြင်း အပေါ် အထူးဝမ်းနည်းကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
D Day News
မေလ ၁၄
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ် ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း ကွယ်လွန်ခြင်းအပေါ် အထူးဝမ်းနည်းကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မေလ ၁၃ ရက် ညနေ ၆ နာရီခန့်က KIA စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ အမှတ် ၁ စစ် ဒေသမှူး ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းသည် နေအိမ်၌ အသည်းရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကွယ်လွန်မှုနှင့်ပတ်သက်၍ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန် ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က “ငြိမ်းချမ်းပါစေ ဒူကဘာရေ”ဟု ၎င်း၏ လူမှု ကွန်ယက်စာမျက်နှာ၌ ရေးသားထားပြီး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုတေဇာဆန်းကလည်း “စိတ်ချစွာ၊ ငြိမ်းချမ်းစွာ အနားယူပါလေတော့၊ ဒူကဘာခင်ဗျာ။ ဒူကဘာဟာ ဒီတော်လှန် ရေးကြီး အ တွက်၊ တိုင်းပြည်နဲ့ လူထုအတွက် တာဝန်ကျေတယ်ဆိုတာထက် အများ အများကြီးကျော်လွန်၊ ထမ်း ဆောင်ခဲ့ပြီးပါပြီ။ တိုင်းပြည်နဲ့ လူထုအတွက် ခေတ်သမိုင်းက ပေးအပ်လာတဲ့ တော်လှန် တာဝန်ကို ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ မမှိတ်မသုန် ဆက်လက်ကြိုးပမ်း၊ ထမ်းရွက်ပါ့မယ် ဒူကဘာ ခင်ဗျား။” ဟု ရေးသားထားသည်။
ကွယ်လွန်သူ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း (အလယ်)
ဒေါက်တာတေဇာစန်းအနေဖြင့် အမှတ် ၁ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနှင့် အလုပ် သဘောသာမက ပုဂ္ဂိုလ်ရေးအရပါ အလွန်ရင်းနီးကြောင်း၊ ယခု တော်လှန်ရေးကာလတွင် ဒုတိယ ဗိုလ်ချုပ်ကြီး R ခေါင်လွမ်း၊ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဒေါက်တာတေဇာစန်း စခန်းတစ်ခုတွင် တဲတစ်လုံးတည်း အတူနေထိုင်ဖူးပြီး မိုးလင်းမှ မိုးချုပ်အထိ အတူသွား။ အတူစား၊ အနေတူခဲ့ဖူးကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။
“ဒူကဘာရဲ့ ထက်မြက်လှတဲ့ စစ်ရေးအတွေးအခေါ်၊ ပေါ်ကြွယ်လှတဲ့ စစ်ရေးအတွေ့အကြုံ၊ ရိုးဖြောင့် လှ တဲ့ နိုင်ငံရေးအမြင်တွေကို ကျနော် သေသေချာချာ သိရှိ၊ မှတ်သားခွင့် ရခဲ့ပါတယ်။ ဒူကဘာ အ ကြောင်း ကျနော့်မှာ ပြောစရာတွေ အများကြီးပဲဗျာ။” ဒေါက်တာတေဇာစန်းက ဆက်လက်ပြောဆို ထားသည်။
ဗိုလ်ချုပ်ကြီးခေါင်လွန်းတာဝန်ယူထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသသည် စစ်ကိုင်း ၊မကွေး ၊မန္တလေး နှင့် ရှမ်းပြည်နယ်ဒေသအချို့ ပါဝင်ကြောင်း သိရ သည်။
ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း (R Hkawng Lum)သည် ၁၉၈၈ ခုနှစ်တွင် KIA တပ်ဖွဲ့ထံ စတင်ဝင်ရောက် ခဲ့ ပြီး ကွယ်လွန်ချိန်တွင်အသက် ၆၂ နှစ် အရွယ်ရှိပြီဖြစ်သည်။