Dawei News

0 0
Read Time:2 Minute, 4 Second

ထားဝယ်မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

 

D Day News

မေလ ၁၄

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် – BHA ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန်တွင် ထားဝယ်မြို့နယ် ၊ အိမ်ရှေ့ပြင်ရပ် ကွက် ၊ ထားဝယ်မြို့ အဝင်စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ် သား ၂ ဦး သေဆုံးပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မတော် – BHA တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက် ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ဖြင့် သွားလာနေထိုင် ကြ ရန် နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ ကို လေးစားလိုက်နာကြရန် အသိပေး ထုတ်ပြန်ထားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ် ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများ စွာဖြင့် ရင်ဆိုင်နေရသည့် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် သို့ အမြန်ဆုံးခိုလှုံဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *