Yangon News

0 0
Read Time:4 Minute, 24 Second

ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ အမျိုးသမီး ၂ ဦးအပါအဝင် မိသားစုများ၊ ပုဂ္ဂိုလ်ရေး အရ ဆက်စပ်ပတ်သက်သူများကို စစ်တပ်က ဖမ်းဆီး

 

D Day News

မေလ ၁၂

 

ရန်ကုန်မြို့တွင် လှုပ်ရှားနေသော ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းမှ အမျိုးသမီး ၂ ဦး အပါအဝင် ၎င်းတို့၏ မိသာစုဝင်များ၊ ပုဂ္ဂိုလ်ရေးအရ ပတ်သက်သူများကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင်ချုပ်နှောင်ထားသည်ကို အဆက်အသွယ် မရဖြစ်နေကြောင်း ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ထံမှ သိရသည်။

 

မေလ ၉ ရက် ညနေပိုင်းက ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ စီမံရေးရာ တာဝန်ခံ ကို အိမ်ပြန်လမ်းခရီးတွင် လည်းကောင်း၊ ညသန်းခေါင်ယံအချိန်တွင် ရေဘဝဲ မြေပြင်သပိတ်ရဲဘော် S4 ကို ဧည့်စာရင်းစစ် ဟန်ပြ၍သော်လည်းကောင်း အကြမ်းဖက်စပ်တပ်၏ ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း သိရသည်။

“ရေဘဝဲ စီမံရေးရာတာဝန်ခံကို မြိုလယ်ကနေ သူ့အိမ်တည်ရှိရာမြို့နယ်ကိုအပြန်မှာ ဖမ်းဆီးခံလိုက် ရ တယ်လို ယူဆပါတယ်။ အဲ့ကမှတဆင့် မြေပြင်သပိတ်ရဲဘော် S4 ရှိရာ လှည်းတန်းက အမျိုးသမီး အဆောင်ကို ည ၁၂ နာရီ ကနေ ၁ နာရီ ကြားမှာ ဧည့်စာရင်းအကြောင်းပြပြီး ရိုက်နှက်ဖမ်းဆီး ခေါ် ဆောင် သွားခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲဝင် အမျိုးသမီးနှစ်ဦးကတော့ အ သက် ၂၁ ဝန်းကျင်၊ ၂၇ ဝန်းကျင် ရှိပါတယ်ခင်ဗျာ။ အခုအချိန်ထိ သတင်းအစအနမရသလို အုပ်ထိန်းသူ အချို့ အပါအဝင် ရဲဘော်နှစ်ဦးနဲ့ ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေတဲ့ သာမန်ပြည်သူတွေကို ဖမ်းဆီးထားပါ တယ်။ပြည်သူ နှစ်ဦးထက်ပိုပါတယ်ခင်ဗျာ။”ဟု ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဌ ကိုရေဘဝဲက ပြောကြားသည်။

 

ဖမ်းဆီးခံရသူ ၂ ဦးအား ယခုအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို ကြားသိရ ခြင်းမရှိသေးပဲ အကြမ်းဖက်စစ်တပ်၏လူမဆန်သည့်ညှင်းပန်းနှိပ်စက်မှုများအပေါ်အသက် အန္တရာယ် ထိခိုက်မှုရှိမည်ကို အုပ်ထိန်းသူမိသားစုဝင်များနှင့်အတူ စိုးရိမ်လျက်ရှိကြောင်း ရေဘဝဲ (ပြည်သူ့ အကျိုးပြုလူငယ်အဖွဲ့အစည်း) က ထုတ်ပြန်ထားသည်။

 

“အခုဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး ကျွန်တော်တိုသတင်းထုတ်ပြန်ချက်မှာပါတဲ့ အတိုင်း နွေဦးတော် လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ကြတည်းက တော်လှန်ရေးယုံကြည်ချက်၊ နိုင်ငံရေးခံယူချက် တွေနဲ့ လျှောက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒီခရီးလမ်းမှာ အခန့်မသင့်ရင် ခလုတ်တိုက်တာ၊ ဆူးစူး တာတွေစတဲ့ ဒီလိုအန္တရာယ်တွေကြုံလာနိုင်တာကိုကျွန်တော်တိုကြိုတင်တွက်ဆပြီးသားဖြစ်ပါ တယ်။” ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဌ ကိုရေဘဝဲက ပြောဆိုသည်။

 

မည်သို့သော အကြမ်းဖက်ရက်စက်ယုတ်မာမှုများဖြင့် ဖိနှိပ်နေပါစေ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူ ငယ်အဖွဲ့အစည်း)အနေဖြင့် ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကာ စစ်အာဏာရှင်စနစ် ချုပ် ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြည်သူ လူထုနှင့်အတူ ယခုထက်ပို၍ အားသွန်ခွန်စိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

“အကြမ်းဖက်စစ်တပ်အနေနဲ့ ဘယ်လိုပဲရက်စက်ယုတ်မာ ဖိနှိပ်ပါစေ ကျွန်တော်တို့ အနေ နဲ့ ရေဘဝဲ အလံတော်ကိုလက်ဆင့်ကမ်းလွှင့်ထူပြီး အရေးတော်ပုံကြီး အောင်မြင်သည်အထိ ပြည်သူလူထုနဲ့ အ တူ ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ကျန်တဲ့အဖွဲဝင်တွေ ယခုအချိန်ထိဘေးကင်း လုံခြုံ လျက်ရှိပါတယ်” ဟု ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း ဥက္ကဌက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *