Tannintharyi News

0 0
Read Time:3 Minute, 13 Second

တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ပွိုင့် ၁၀၂၀ စစ်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိ

 

D Day News

မေလ ၁၂

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့်ဘုတ်ပြင်းမြို့နယ်အစပ်ရှိအကြမ်းဖက်စစ်ကောင်စီ၏ပွိုင့် ၁၀၂၀ တောင်ကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း BLACK COBRA COLUMN ထံမှ သိရသည်။

 

ဧပြီလ ၃၀ ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီ၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် စကခ ၁၃ လက် အောက်ခံ ခမရ ၅၅၅ ၊ခမရ ၅၅၉ နှင့် ခမရ ၄၃၂ တို့ ပူးပေါင်းအထိုင်ချထားသော ပွိုင့် ၁၀၂၀ တောင် ကုန်းကို Black Cobra ပူးပေါင်းစစ်ကြောင်းကဖြတ်တောက်ပိတ်ဆို့ ထားပြီး ထိုးစစ်ဆင်တိုက်ခဲ့ရာ ယမန်နေ့ မေလ ၁၁ ရက် နံနက်ပိုင်းတွင် ခြေကုပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။

ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းမကျဆုံးစေရေး အတွက် လေကြောင်းပစ်ကူဖြင့် အပြင်းအထန်ခုခံခဲ့ပြီး စတင်တိုက်ခိုက်ခဲ့သည့်နေမှ မေလ ၁၁ ရက်နေ့ အထိ ၁၂ ရက်အကြာတွင် အထိနာနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

သိမ်းဆည်းရရှိသော စခန်းကုန်းအား နယ်မြေရှင်းလင်းချိန်တွင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအ ဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး စခန်းအတွင်း စစ်ကောင်စီ ရုပ်အလောင်းများမြှုပ်နှံထားသော မြေကျင်းများကိုလည်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။

 

စခန်းကုန်းကို စွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များကို တော်လှန်ရေး ပူး ပေါင်းစစ်ကြောင်းက လိုက်လံရှင်းလင်းလျက်ရှိပြီး စစ်ကူလာသော စစ်ကြောင်းများကိုလည်း ဖြတ် တောက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါတိုက်ခိုက်မှုကို  KNLA -PDF ပူးပေါင်းထားသော Black Cobra Column နှင့်အတူ Beik Province People Defense Force 1 နှင့် Black Cobra Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်း စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်တစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အများပြည်သူခရီးသွားလာရေးအတွက် အတားအဆီးဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ပွိုင့် ၁၀၂၀ တောင်ကုန်းစခန်းကို ပူးပေါင်းစစ်ကြောင်းက သိမ်းပိုက်ရှင်းလင်းခဲ့ပြီဖြစ်ပြီး အဆိုပါ စခန်းသို့ စစ်ကူလာသော စစ်ကောင်စီ နှင့်ပျူစောထီး စစ်ကြောင်းများအား လိုက်လံရှင်းလင်းနေဆဲ ဖြစ်သော ကြောင့် မြိတ်- ဘုတ်ပြင်း လမ်းပိုင်းကို အသုံးပြုခရီးသွားလာကြသော ပြည်သူများအနေဖြင့် အထူး သတိပြု၍သွားလာကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *