Pakokku News

0 0
Read Time:4 Minute, 2 Second

ပခုက္ကူမြို့နယ်၊ ကန်တော်၊ ညောင်ပင်လှလမ်းခွဲ၊ ညောင်ဂျစ်ပင်နှင့် စစ်တပ်စစ် ကြောင်းကို တိုက်ခိုက် မှု ၆ ဦးသေဆုံး

 

D Day News

မေလ ၁၂

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်၊ ညောင်ပင်လှလမ်းခွဲ၊ ညောင်ဂျစ်ပင်နှင့်အကြမ်းဖက်စစ်တပ် စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၆ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထား သည်။

 

မေလ ၉ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပခုက္ကူမြို့၊နယ် ကန်တော်ရွာရှိ အကြမ်းဖက် စစ် တပ်စစ်ဆေးရေး ဂိတ်နှင့် ညောင်ပင်လှလမ်းခွဲရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်တို့ကို အီနာ ဂါ ဗုံးသီး ၁၂ လုံး၊ မေလ ၁၀ ရက် နံနက် ၈ နာရီမှ ည ၉ နာရီအထိ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှလမ်း ခွဲရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို အီနာဂါ ဗုံးသီး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ အပြင် မေလ ၁၀ ရက် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ပခုက္ကူမြို့ နယ် ညောင်ဂျစ်ပင်ပျူရွာသို့ ရောက်ရှိနေသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကြောင်းကို အီနာဂါ ဗုံးသီး ၁၅ လုံးကြဲချတိုက်ခိုက် ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Black Cobra ၊ KMDF (Kamma Defence Force) ၊ DMG (ဓားမင်းကြီးတပ် ဖွဲ့) နှင့် မြိုင်ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပခုက္ကူမြို့နယ်ညောင်ဂျစ်ပင်ပျူရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကြောင်းသည် အင်အားများ ပြီး ထိခိုက်သေဆုံးမှုများလည်း များပြားကြောင်း၊ မြေပြင်မှ မိုင်း၊ ဝေဟင်မှ ဒရုန်းရန်ကို ကြောက်ရွံ့ ကာ မိဘပြည်များကို ဖမ်းဆီးပြီး အနိုင်ကျင့်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့လုပ်ဆောင်နေ သဖြင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်ဝေးဝေးရှောင်ရှားနေထိုင်ကြရန် မြိုင်ပကဖက ထုတ်ပြန် ထားသည်။

အလားတူ မေလ ၉ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ်၊ ကန်နီပျူရွာမှ အင်အား ၃၀ ကျော်ဖြင့် ထွက်ခွာသွားပြီး ကန်နီပျူရွာနှင့် ၁ မိုင်ကျော်အကွာအဝေးနေရာ ဒေသအခေါ် ကြာ ကန် တောအရောက် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး၊ ပျူတစ်ဦး အပြင်း အထန်ဒဏ်ရာ ရရှိခဲ့ပြီး ကန်နီပျူရွာ ပြန်အရောက် သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ရင်း ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၉ ရက် မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်တွင် ပခုက္ကူမှ အရှေ့ဘုန်းကန်သို့ အင်အား ၅၀ ခန့် လိုက် ပါလာသော စစ်ကားကို ၁၂ နာရီ ၃၆ မိနစ်တွင် ရှေ့ထွက်လခြမ်းမိုင်းများဖြင့် ကြားဖြတ် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ကားရပ်တန့်သွားပြီး အကြမ်းဖက်စစ်သား၊ ပျူ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပ.က.ဖ တပ်ရင်း ၃ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့် ပျူများနေထိုင်ရာနေရာများသို့ သွားလာခြင်းမပြုလုပ်ကြရန် အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *