Monywa News

0 0
Read Time:2 Minute, 54 Second

မုံရွာ၊ ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

မေလ ၁၁

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာ-ချောင်းဦး -မြင်းမူလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

မေလ ၉ ရက် နံနက် ၁၀ နာရီ ၂၁ မိနစ်တွင် စစ်ကိုင်းမှ ပထမ အသုတ်ထွက်လသော တွဲကားပါ ယာဉ် ၅ စီးကို ချောင်းဦး – မြင်းမူလမ်းပိုင်းတနေရာ၌ အီနာဂါ ဗုံးသီးထည့် မိုင်း ၁ လုံးဖြင့်လည်းကောင်း၊ ပဒေသာမိုင်း ၅ လုံးတွဲဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ မောင်းနှင်လာသော ကားကို ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မွန်းတည့် ၁၂ နာရီ ၁၇ မိနစ်တွင် အဆိုပါကား ၅ စီးအနက် ပထမကားနှင့် ဒုတိယ ကားကို မုံရွာ – ချောင်းဦးလမ်းပိုင်း တနေရာ၌ ထန်းလုံးမိုင်းအကြီး ၂ လုံး၊ ပွိုင့် ၂ ပွိုင့်ဖြင့် စုစုပေါင်း ၄ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယကားပေါ်ပါ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Photo – ပုံဟောင်း

အလားတူ မေလ ၁၀ ရက် နံနက် ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် မုံရွာဝမ်ပေါင်ဘက်မှ ထွက်လာသော တွဲကား ၅ စီးအနက် ၄ စီးမြောက်ကားကို ချောင်းဦး -မြင်းမူ လမ်းပိုင်း၌ ရှေ့ထွက်မိုင်း ၁ လုံးအပါအ ဝင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force ၊ နွေဦးလူငယ် People’s Defence Force၊ Myinmu Local Defence Force ၊ တောသားကြီးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ Pentagram နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *