Thayet Chaung News

0 0
Read Time:3 Minute, 2 Second

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့နေသဖြင့် တိုက်ပွဲပြင်းထန်နေ

 

D Day News

မေလ ၁၀

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင် ရောက်လာပြီး မီးရှို့နေဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသနေပြည်သူများကထံက သိရသည်။

 

ယနေ့မေလ ၁၀ ရက် နံနက်ပိုင်းက ရေကြောင်းအတိုင်းချီတက်လာသော အကြမ်းဖက်စစ်သားများက ပဲဒက်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲဒက်ကျေးရွာ စစ်တပ်စခန်းကို‌တော်လှန်ရေးတပ်ဖွဲ့များက မေလ ၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရေကြောင်းမှ ချီတက်လာကာ ပြန်လည် ထိုးစစ် ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

 

“ပဲဒက်စခန်းကို ပြန်လိုချင်တထင်တယ်။ ရေလမ်းကနေတက်လာတာ။ ဒီမနက်တော့ ပဲဒက်ကျေးရွာ ထဲရောက်ပြီး ရွာလယ်ပိုင်းကနေစပြီး နေအိမ်တွေ မီးရှို့နေတာ၊ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲပြန်ဖြစ်နေတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ပဲဒက်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်းသည် နှစ်ပေါင်းကြာမြင့်ပြီဖြစ်ပြီး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်၌ တည်ရှိကာ စစ်ရေးအရ အရေးပါသည့် ဗျူဟာစခန်းတစ်ခုဖြစ် ကြောင်း၊ ပဲဒက်ကျေးရွာအနောက်ဘက်တွင် ရေကြောင်းမှ သင်္ဘောဖြင့် လာရောက်နိုင်ကြောင်း သိရ သည်။

“ပဲဒက်ရွာအနောက်မှာ သင်္ဘောလာလို့ရတယ်။ ပဲဝပ်လို့ခေါ်တယ်။ထားဝယ်သွားလို့ရတယ်။ ပဲဒက် ရွာသားတွေမှာ လှေရှိတယ်၊ အရင်ကတော့ လှေနဲ့ မြိတ်ကိုသွားကြတယ်။ အဲဒါကြောင့် အဲဒီစခန်းကို သူတို့က အရမ်းပြန်လိုချင်နေတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

 

မေလ ၈ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပဲဒက်ကျေးရွာစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ ၂၆ ဦး အရှင်ဖမ်းဆီးရ ရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သားများ အသုံးပြုသည့် လက်နက်မျိုးစုံ အလက် ၃ဝ နှင့် ခဲယမ်းမီး ကျောက် များ၊ စစ်သုံး ဆက်စပ် ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲ ဘော် ၂ ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက်အသက်ပေးလှူခဲ့ရသည့်အပြင် ရဲဘော် ၆ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *