Taunggoo News

0 0
Read Time:3 Minute, 43 Second

လေတပ်ပြိုလျှင် နွေဦးတော်လှန်ရေးအောင်ပွဲရမည်ဖြစ်သဖြင့် လေတပ်ပစ်မှတ်များကို တစိုက် မတ် မတ် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ပြော

  • တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်တိုက်ခိုက်မှု ၇ လုံးပစ်မှတ် ထိမှန် ပေါက်ကွဲ

 

D Day News

မေလ ၁၀

 

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်ပြိုကျပျက်စီးလျှင် နွေဦးတော်လှန်ရေးအောင်ပွဲရမည်ဖြစ်သဖြင့် လေတပ်ပစ်မှတ်များကို တစိုက်မတ်မတ် ပစ်ခတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ပြောကြားသည်။

 

ပဲခူးတိုင်း၊ တောင်ငူလေတပ်စခန်းအား ၁၀၇ ရှော့ဒုံးများ ဖြင့်တိုက်ခိုက်မှု သတင်းထုတ်ပြန်ရာတွင် Brave Warriors for Myanmar (BWM) အဖွဲ့က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ယနေ့မေလ ၁၀ ရက် နံနက် ၄ နာရီ ၁၃ မိနစ်အချိန်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်သို့ ၇ လုံးအောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းအတွင်း၌ ထိခိုက်မှုပြင်းထန်နိုင်ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိပ် သတင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယခု မစ်ရှင် သည် တောင်ငူလေဆိပ်အတွင်းသို့ ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အ ကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ရာတွင်အဓိက အားရသည့် လေတပ် တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် အဆများစွာ ပိုမိုအသုံးပြု လာပြီး ပြည်သူများ နှင့် တော်လှန်ရေး အင်အားစုများအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတို့ဖြင့် မရပ်မနား ကျဲချ ကာ သမိုင်းတွင်အောင် ရက်စက်ယုတ်မာလျက်ရှိသဖြင့် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

လတ်တလောတွင်ပင် ကရင်နီဒေသ ကုန်းသာရွာ နှင့် ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ အကြည် ပန်းမလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားဒေသများရှိ ကလေးသူငယ်များနှင့် ပြည်သူများကို ရန်သူသဖွယ် လေကြောင်းဖြင့် တိုက်ခိုက်နေသော စစ်ကောင်စီလေတပ်၏ ရက်စက် ယုတ်မာမှု ကို လက်တုန့်ပြန်သည့်အနေဖြင့် ကျွန်ုပ်တို့ BWM အဖွဲ့ကစီမံကာ MKCDF က ဦးဆောင် ပြီး မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်ပြိုလျှင်နွေဦးတော်လှန်ရေး အောင်ပွဲ ရမည်ဖြစ်သောကြောင့် BWM အနေဖြင့် MKCDF အဖွဲ့အပါအဝင် မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ လေတပ် ပစ်မှတ်များကို တစိုက်မတ်မတ် ဆက်လက် ပစ်ခတ်သွားမည် ဖြစ်ကြောင်းအသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *