Minbu News

0 0
Read Time:3 Minute, 4 Second

စလင်းမြို့နယ်၊ ခင်ပလူရွာတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်သား အများအပြားသေဆုံး

 

D Day News

မေလ ၁၀

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခင်ပလူကျေးရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြား သေဆုံဂကာ ၂၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်းမင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ထံမှ သိရသည်။

 

မေလ ၇ ရက်နံနက် ၁၁ နာရီခန့်က စလင်းမြို့နယ်၊ မုံရွာ – ပုသိမ်လမ်း၊ ခင်ပလူရွာ အနီးတွင် အင်အား ၁၅၀ ကျော်ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော စစ်သား၊ ရဲ နှင့် ပျုစောထီးများကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ ကင်းပုန်းရဲဘော်များက စတင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက ခင်ပလူကျေး ရွာအတွင်း ဝင်ရောက်သွားပြီး တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ခင်ပလူကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မေလ ၈ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကြောင်းခွဲပြီး ငါးလှိုင် တွင်း မှော်ဘက်ကို တက်လာရာ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း၊ ခင်ပလူရွာ၌ ကျန်ရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက်စစ်သားများအားလုံး တပ် ဆုတ်ပြေးသွားကြောင်း သိရသည်။

 

ယင်းထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား အများအပြားသေဆုံးကာ ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ ရဲဘော် ၁ ဦးနှင့် ထောက်ပို့ ပြည်သူ ၁ ဦးတို့ တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း ၊ စလင်းမြို့ နယ် ပကဖအဖွဲ့၊ မိုးကြိုး​ပျောက်ကျားအဖွဲ့ ၊ သခင်ဖိုးလှကြီးလက်နက်ကြီးအဖွဲ့ ၊ ဒေါင်းစစ်အောင် Local PDF အဖွဲ့နှင့် SLN PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မန်ကျည်းကုန်းရွာရှိ နွားခြံနှင့် ဆိတ်ခြံတို့ အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ နွား ၂ ကောင်နှင့် ဆိတ် ၁ ကောင် သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *