All Burma Student News

0 0
Read Time:6 Minute, 32 Second

တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို စည်းရုံးပြီး တော်လှန်ရေးလှိုင်းလုံးကြီးတစ်ခု တက်လာဖို့ လုပ်ဆောင်ရန် ဗကသအဖွဲ့ချုပ် ဥက္ကဌဟောင်း ကိုကျော်ကိုကို တိုက်တွန်း (ရုပ်သံ)

 

D Day News

မေလ ၁၀

 

ဗကသများအဖွဲ့ချုပ်သည် မြန်မာနိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူထုအတွင်း ထိုးဖောက်ဝင် ရောက်ကာ နောက်ထပ်တော်လှန်ရေး လှိုင်းလုံးကြီးတစ်ခုဖြစ်တက်လာဖို့ လုပ်ဆောင်ကြရန် ဗကသများအဖွဲ့ချုပ် ဥက္ကဌဟောာင်း ကိုကျော်ကိုကို က တိုက်တွန်းပြောကြားသည်။

 

မေလ ၈ ရက်နေ့က ကျရောက်ခဲ့သည့် ဗသကများ အဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၈ နှစ်ပြည့် နေ့အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံဖိုင်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဒီနေ့ ဒီကာလမှာလည်း ဗကသဟာ မြေအောက်အဖွဲ့အစည်းတစ်ခုအဖြစ်နဲ့ ရပ်တည်ပြီးတော့မှ လူ ထု ကြားထဲမှာ ရှိနေတယ်။ ကျောင်းသားထုကြားထဲမှာ ရှိနေတယ်။ ကျောင်းသားထုကြားထဲမှာကို ထပ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရင် ကျောင်းတက်နေတဲ့ ဘယ်ကျောင်းမှာမဆို ကျောင်းတက်နေတဲ့ ကျောင်း သူ ကျောင်းသား တွေ အကုန်လုံးကို စည်းရုံးမယ်ဆိုတဲ့အမြင် ရှိတယ်။ CDM ၊ Non CDM ဆိုတဲ့ ခွဲခြား မှုမျိုးကို ကျောင်းသားထုကို ခွဲခြားလို့မရဘူး။ ကျောင်းသားထုထဲမှာ ကျောင်းပြန်တက်နေရတာဟာ မိဘက သားသမီးပညာရေး အဆက်ပြတ်သွားမှာစိုးလို့ ရယ်၊ ပြီးတော့နိုင်ငံတကာကျောင်းတွေမှာ ထားနိုင်လောက်အောင် ငွေကြေးတစ်စုံတစ်ရာ မပြည့်စုံလို့ရယ်။ အစိုးရကျောင်းတွေမှာ သွားထား နေရတဲ့ကလေးတွေရှိတယ်။ ဒီကလေးတွေဟာလည်းကျောင်းသားတွေပဲဖြစ်တယ်။ ဒီကျောင်းသား တွေကို ခွဲခြားဆက်ဆံလို့မရဘူး။ ကျောင်းသားထုလို့ပဲ မြင်ဖို့လိုတယ်။ ဒီကျောင်းသားထုတွေကို ကျနော်တို့ အနေနဲ့ကနေ ဝင်ရောက်ပြီးတော့ စိမ့်ဝင်ပြီးတော့ စည်းရုံးပြီး မြေအောက်လှုပ် ရှားမှု သဏ္ဍန်နဲ့ စစ်အာဏာရှင်တော်လှန်ဆန့်ကျင်တဲ့ဘက်ကို ပါလာအောင် စည်းရုံးရမယ်ဆိုတဲ့ အတွေး အခေါ်ဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ လက်ရှိ နည်းပရိယာယ် တစ်ခုအဖြစ် ကိုင်စွဲထားတယ်လို့ သိရ တယ်။ ဒါ့ကြောင့် မလို့ ဒီနည်းပရိယာယ်ကို ကျင့်သုံးပြီးတော့မှ တစ်နိုင်ငံလုံးမှာရှိနေတဲ့ ကျောင်းသား၊ ကျောင်းသူ အားလုံးတစ်သွေးထဲ တစ်သားထဲ တသဘောတည်းဖြစ်ပြီးတော့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်မယ်။ နောက်ထပ်လှိုင်းလုံးကြီးတစ်ခု၊ နောက်ထပ်တော်လှန်ရေး ဒီရေလှိုင်းလုံးကြီးတစ်ခု တက်လာတာကို ကျနော်တို့စောင့်ဆိုင်းပြီးတော့မှ အခွင့်အခါကောင်းကို စောင့်ပြီးတော့မှ အသုံးချနိုင် ဖို့လိုအပ်တယ်ဆိုပြီး ဗကသများ အဖွဲ့ချုပ်ရဲ့ ၈၈ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနေ့မှာ ကျနော့် အနေနဲ့ တိုက်တွန်းနှိုးဆော်လိုပါတယ်။” ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဌဟောာင်း ကိုကျော်ကိုကို က ပြောကြားသည်။

ဗကသများသည် အမြဲလိုလို မြေပေါ်မှာ ပေါ်ပေါ်ထင်ထင် လှုပ်ရှားဆောင်ရွက်နေရတာမျိုးမဟုတ်ပဲ အခါအား လျော်စွာ ဖိနှိပ်တဲ့အာဏာရှင်များကြောင့် မြေအောက်ကို လျှိုးကာ နိုင်ငံရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရမှုရှိကြောင်း သိရသည်။

 

ဗကသများအဖွဲ့ချုပ်သည် ၈၈ နှစ်တာကာလပတ်လုံး ဘာမှ မလုပ်ခဲ့သည့်အဖွဲ့အစည်းမဟုတ်ပဲ အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက်၊ ဘဝများစွာကို စွန့်လွှတ်စတေးခံကာ တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မည်သည့်အချိန်အခါမှ ဖောက်ပြန် ပြောင်းလဲရပ်တည်မှုမရှိပဲ ပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသားရပ်တည်ခဲ့သည့်အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

 

“ဗကသဟာဆိုရင် ဘယ်တော့မှ ဖောက်ပြန်တဲ့ဘက်ကနေ ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး။ ပြည်သူလူထုဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် ရပ်တည်ခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ ဗကသဟာ ပြည်သူ လူထုနဲ့အတူ ပြတ်ပြတ်သားသား အတူ တိုက်ပွဲဝင်ခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်။ ပြည်သူလူထု ဒုက္ခရောက်ပြီ ပြည်သူလူထု ထိခိုက်နစ်နာပြီဆို့လို့ရှိရင် အဲဒီဘယ်အစိုးရကိုမဆို ရှေ့တန်းက တပ်ဦးကနေ ဆန့်ကျင်တော်လှန်ခဲ့တဲ့ သတ္တိဟာ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတလျှောက်မှာ ရှိခဲ့တယ်။ ဒါ့ကြောင့်မလို့ ဗကသရဲ့ ရပ်တည်ချက်ဟာ ပြည်သူလူထုဘက်က ရပ်တည်တယ်။ အဖိနှိပ်ခံ ပြည်သူလူထုဘက်က ရပ်တည်တယ်။ စွမ်းအားကြီးတဲ့ အာဏာရှင်တွေမှန်သမျှကို တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ရပ်တည်ချက်မျိုးဖြစ်တယ်လို့ ပြောချင်ပါတယ်။” ကိုကျော်ကိုကို က ပြောဆိုသည်။

 

ထို့အပြင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာ ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်ကိစ္စ၊ စစ်အာဏာရှင်များ၏ လူမျိုးတုန်းသတ် ဖြတ်မှု ကိစ္စများနှင့် စစ်အာဏာရှင်များ၏ လုပ်ရပ်မှန်သမျှကို မည်သည့်အခါမျှထောက်ခံခဲ့သည့် အဖွဲ့အစည်းမဟုတ်သလို စစ်တပ်နှင့် ရင်ကြားစေ့ရေး အတွက် စဉ်းစားခဲ့သည့်အရာမျိုးရှိကြောင်း သိရသည်။

 

“တကယ်တော့ရင်ကြားစေ့ရမယ်ဆိုတာ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုနဲ့ပဲရင်ကြားစေ့ရမှာဖြစ် တယ်။ စစ်အာဏာရှင်နဲ့ ရင်ကြားစေ့စရာမလိုဘူးဆိုတဲ့ အမြင်ကို ပြတ်ပြတ်သားသားကိုင် တွယ်ပြီး တော့ ရဲရဲတင်းတင်းတိုက်ပွဲဝင်ခဲ့တယ်။ ဒီနေ့ ဒီကာလ အထိလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြတ် ပြတ်သားသားတိုက်ပွဲဝင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ပြပါဆိုရင် ဗကသ ဖြစ်တယ်ဆို တာ ပြောချင်တယ်။” ဟု ကိုကျော်ကိုကို က ပြောကြားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *