Tannintharyi News

0 0
Read Time:2 Minute, 39 Second

တနင်္သာရီမြို့နယ်၊ သိန္ဒေါရွာရှိ စစ်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရက်ပေါင်း ၁၆ ရက်ကြာ မြင့် ပြီးဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံးကာ လေကြောင်းဖြင့် ဗုံးကြဲကာ အပြင်းအထန် ခုခံကာကွယ်နေ

 

D Day News

မေလ ၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဒေါရွာရှိအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၁၆ ရက်ကြာမြင့်ပြီဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးကာ စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံကာကွယ်နေကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဧပြီလ ၂၃ ရက်နေ့မှစ၍ မေလ ၈ ရက်နေ့အထိ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာ ရှိ အကြမ်းဖက်စစ် ကောင်စီတပ်စခန်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အထိနာသော အကြမ်းဖက်စစ်တပ်က Mi 2 ရဟတ်ယာဥ်နှင့်တိုက်လေယာဥ်များအသုံးပြု၍ လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် မြေမအုံကျေးရွာဘက်မှ မြေ ပြင် စစ်ကူများလည်း လာရောက်ခဲ့ပြီး ယင်းစစ်ကူစစ်ကြောင်းကို  မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းစစ်ကြောင်း ၁ မှကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“လေယာဉ်က မြိတ်ကနေလာတဲ့လေယာဉ်၊ တိုက်လေယာဉ်ရော ရဟတ်ယာဉ်သုံးပြီး ဗုံးကြဲနေတာ။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု မြိတ်ခရိုင် ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ပွဲများအတွင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကာ ၇ ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိခဲ့ပြီး တနင်္သာရီမြို့နယ်အတွင်း၌ ယခုအချိန်အထိ နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၁ က အသိပေးထားသည်။

 

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *