Nahtogyi News

0 0
Read Time:1 Minute, 29 Second

နွားထိုးကြီးမြို့နယ်၊ လှည်းကူးမရွာတွင် စစ်တပ်စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

မေလ ၉

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လှည်းကူးမရွာတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။

 

ယနေ့ မေလ ၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ် အစပ်သို့ အင်အား ၅၁ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို လှည်းကူးမရွာသို့ အရောက် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ် ရာ ရရှိခဲ့ ကြောင်း သိရသည်။

 

ထိုသို့ဗုံးကျဲခံရပြီသေဆုံးသွားသောအကြမ်းဖက်စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို ဇရပ်ကြီး ရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းသို့ သုံးဘီးဖြင့် ပို့ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *