Myingyan News

0 0
Read Time:4 Minute, 44 Second

မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူ ၅ ဦးသေဆုံး

 

D Day News

မေလ ၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ဆုံရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၉ ရက် နံနက် ၅ နာရီအချိန်မှစ၍ မြင်းခြံမြို့နယ်၊ ဆုံရွာရှိ ပျူစောထီးစခန်းအား ဝင် ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီအချိန်တွင် ပျူစောထီးစခန်းအားလုံးကို အပြီးသတ်ချေမှုန်း သိမ်း ပိုက်နိုင်ခဲ့ပြီး ပျူစောထီး ၅ ဦးသေဆုံးကာ ကျန်ပျူစောထီးများမှာ လက်နက်ခဲယမ်း များယူဆောင် ထွက်ပြေး သွားကြောင်း၊ ထို့ကြောင့် ပျူ‌စောထီးများအခြေချရာနေရာများကို မီးရှို့ရှင်းလင်းနိုင်ခဲ့ ကြောင်း သိရသည်။

“လက်နက်တွေယူပြီး အကုန်ထွက်ပြေးသွားတာ၊ တိုက်နေတဲ့အချိန်မှာ သင်္ဘောပေါ်ကနေ တရစပ် ပစ်တာ။ သင်္ဘောပေါ်က ပစ်တာအပြင် လမ်းဖြတ်တွေဘက်ရောက်လာပြီး ၆၀ တွေနဲ့ ပစ်တာတွေရှိ တယ်။ သူတို့စခန်းထဲကနေပြီးတော့ ထွက်ပြေးတဲ့ ၅ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ၊ အဲဒါ တောင် ဂန်းမရခဲ့ဘူး။ သူတို့ဂန်းတွေ သူတို့ဆွဲပြီးတော့ အ လောင်းတွေပဲ ထားခဲ့ပြီး ပြန်ပြေးကြတာ။” Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်ခိုက်မှုကို(မြင်းခြံခရိုင်တပ်ရင်း- ၉  MBT တပ်ဖွဲ့၊  မြင်းခြံခရိုင် တပ်ရင်း ၆ ၊ တပ်ခွဲ ၁ နောင်ရိုး ပြောက်ကြားတပ်ဖွဲ့၊ Bright Star Group (LPDF) ၊ Myingyan District Drone Strike အ မှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊ CDSOM ၊ မန္တလေးခရိုင် တပ်ရင်း- ၅ နှင့် အခြားညီနောင်မဟာမိတ်တပ်ဖွဲများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ဆုံကျေးရွာအတွင်း ပိတ်မိနေသည့် သက်ကြီးရွယ်အို ပြည်သူများကို ဘေးလွတ်ရာသို့ ကယ်တိုက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ ပြည်သူများကို ကယ်ထုတ်နေစဉ် အကြမ်းဖက် စစ်လက်အောက်ခံ လောဘီချန်နယ်များက ဆုံကျေးရွာအတွင်းနေ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခံရသည်ဟု ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

“ဒီကောင်တွေဘက်က ဆိုက်ဝါးထည့်တာ၊ ကျနော်တို့ တိုက်နေတဲ့အချိန်မှာ ကလေးငယ်တွေ၊ သက် ကြီးရွယ်အိုတွေ ပစ်ခတ်သတ်ဖြတ်တာမရှိဘူး။ အဲလိုတိုက်ပွဲဖြစ်နေတဲ့ အချိန် သူတို့ဘက်က သတ် တာလား။ ဘာမှန်းမသိတဲ့အနေအထားမျိုးမှာ ကျနော်တို့ သတ်တယ်ဆိုတဲ့အနေအထားမျိုးတွေ ဖြစ် ပေါ်နေတာပါ။ ဖမ်းမိတဲ့သူတွေ၊ ပိတ်မိနေတဲ့ပြည်သူ တွေကို ကျနော်တို့ဘက်က လုံးဝ သတ်တာ ဖြတ်တာ မရှိပါဘူး။ အဲဒီရွာမှာက ရာဇဝင်ရှိတယ်။ သူတို့ ရွာကို လာတိုက်ရင် ထွက်ပြေးတဲ့ရွာသား တွေ ကို သူတို့ကိုယ်တိုင်ပြန်မှာဆိုပြီး စကားရှိတယ်။ မိထားတဲ့ ပြည်သူကို ကျနော်တို့ တော်လှန်ရေး သမားတွေအနေနဲ့ ဘယ်တော့မှ မလုပ်ဘူး။ ထွက် ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ် သူတို့ပြန်သတ် ပြီး တော်လှန်ရေးသမားတွေ ပုံရိပ်ကျအောင် လုပ်တာလို့ ထင်တယ်၊ ကျနော်တို့ မလုပ်ဘူးဆိုတာ သက်သေတွေလည်းရှိတယ်၊ မှတ်တမ်းဖိုင်တွေ လည်းရှိပါတယ်။ ပြည်သူတွေသတ်ခံရတယ် ဆိုတာ သူတို့လော်ဘီတွေကနေ ပုံတွေနဲ့တက်လာမှပဲ သိရတာ၊ ဒါတွေကို ကျနော်တို့မလုပ်ခဲ့တဲ့အတွက် ဘာ မှ မသိရသေးပါဘူး။ ကျနော်တို့ရှင်းလင်းခဲ့တာက စခန်းထဲကနေပြီးတော့ လက်နက်ချခိုင်းတဲ့ အနေ အထားမှာ ခံပစ်ပြီးတော့ စွန့်ခွာထွက်ပြေးတဲ့သူတွေကိုပဲ ကျနော်တို့တွေ သုတ်သင်ရှင်းလင်းခဲ့တာ ပါ။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရှင်းပြသည်။

 

စခန်းသိမ်းအောင်ပွဲဖြင့် ပြန်လာသော ရဲဘော်များကို ပြည်သူများက အောင်သပြေနှင့်အတူ အအေး များဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *