Myaing News

0 0
Read Time:3 Minute, 16 Second

မြိုင်မြို့နယ်၊ ကံသစ်ရွာPDF စခန်းနှင့်နေအိမ်များကို မီးရှို့ပြီး ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ၊ ဗုံးကျဲတိုက်ခိုက်

 

D Day News

မေလ ၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာမှ ပြည်သူ့နေအိမ် ၁၃ လုံးနှင့် PDF စခန်းတစ်ခုကို မီးရှို့ ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ၊ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

ယမန်နေ့ မေလ ၈ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာရှိ PDF စခန်းတစ်ခုကို စီးနင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပိုင် ကား ၂ စီးကို သိမ်းယူကာ စခန်းကို မီးရှို့ ဖျက်ဆီးဖျက်ဆီးခဲ့ကြောင်း၊ ယင်းစီးနင်းခံရမှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ လွတ် မြောက်သွားခဲ့သော်လည်း စခန်းတဲများအတွင်းရှိ ငွေကျပ် သိန်း ၈၀၀ ကျော်နှင့် ခဲယမ်းအမြောက် အများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အလားတူ ကံသစ်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ကျေးရွာ နေပြည်သူ ၂၆ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးကာ ကန်တော်ကျေးရွာဘက်သို့ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန် ထွက်ခွာလာစဉ် ကန်တော်ကျေးရွာနှင့် ကံသစ်ကျေးရွာကြား ၌ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးသီး အလုံး ၂ ခန့်ကြဲချ တိုက်ခိုက်ခဲ့ရာ ခိုးယူလာ သည့် ကား၊ ဆိုင်ကယ်များနှင့် ပစ္စည်းများ ယူဆောင်နိုင်ခြင်းမရှိတော့ပဲ မီးရှို့ဖျက်ဆီးကာ ကန်တော် ကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း၊ ထို့နောက် ညနေ ၄ နာရီခန့်တွင် ကန်တော်ကျေးရွာမှ တဆင့် ပခုက္ကူမြို့ တပ်မ ၁၀၁ တပ်ရင်းအတွင်းသို့ စစ်ကား ၃ စီးဖြင့် ဆက်လက်ဝင်ရောက်သွား ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲ၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိ ပြီး အကြမ်းဖက်စစ်သားများထံမှ နင်းမိုင်း ၁ လုံး၊ G-3 ကျည် အတောင့် ၃၀ တောင့် ၊ ခွန်းဗုံးသီး ၂ လုံး၊ ခွေးဦးထုပ် ၁ လုံး၊ ဓာတ်မီး ၁ လက်၊ ဖုန်း ၂ လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ MA ကျည်ဘောက် ၃ ခု၊ နှင့် 5.56 ကျည် အတောင့် ၅၀ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ကမ္မတပ်ပေါင်းစု (KGF)၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ PDF ကမ္မ တပ်ခွဲ ၁/၂/၃၊ တပ်ရင်း ၁၃ ၊ PKU ပကဖ၊ Pakokku People`s Defense Force ၊ The Red Revolperf၊ PKU Red Giant ၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain ၊ DMG (ဓား မင်းကြီး)၊ Red Dragon၊ Black Cobra ၊ Kamma Underground ၊ Kamma People Defense Force (KMDF) တိုနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *