Kyauk Htu News

0 0
Read Time:4 Minute, 14 Second

ကျောက်ထုမြို့ရှိ လေယာဉ်ကွင်း၊ အမြောက်တပ်နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံး အလုံး ၅၀ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဉ်ကွင်းပြေးလမ်းအပါအဝင် အမြောက်အများထိခိုက်ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့သဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန ဂုဏ်ပြု

 

D Day News

မေလ ၉

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ကွင်း၊ အမှတ် ၃၆၈ အမြောက်တပ်နှင့် ကျောက်ထုရဲစခန်းတို့ကို ရှော့တိုက်ဒုံး အလုံး ၅၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ကွင်းပြေးလမ်းအပါအဝင် အမြောက်အများပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ဖြင့် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး – BHSRF ထံမှ သိရသည်။

 

မေလ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ် အချိန်က ကျောက်ထုမြို့ရှိ ကျောက်ထုလေယာဉ်ကွင်း၊ အမှတ် ၃၆၈ အမြောက်တပ်၊ ကျောက်ထုရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ၃၆ ဦးဖြင့် အဖွဲ့နေရာ ၄ ခုခွဲပြီး Short Range Missile အလုံး ၅၀ ကို အသုံးပြု၍ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီ အဓိကကျသောနေရာများဖြစ်သည့် ကျောက်ထုလေယာဥ်ကွင်းလေယာဥ်​ပြေး လမ်း၊ တပ်တွင်းစျေးဆိုင်၊ ခန်းမဆောင်နှင့် ဗဟိုကင်း(နေပြည်တော်ရဲတပ်ဖွဲ့)အဆောင်၊ ကျောက်ထု နယ်မြေရဲစခန်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အမြောက်အများရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ၏ ညွှန်ကြားမှုဖြင့် မကွေး တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) Drone လက်ရုံးတပ်ဖွဲ့၏ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ဖြစ် သော သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ ဂန့်ဂေါခရိုင် အမှတ် (၈/၉) တပ်ရင်း၊ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကျောက်ထုတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအားလုံး နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် အထိအခိုက်မှုမှမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့သည့် တပ်ဖွဲ့ ၄၆ ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဂုဏ်ပြုလွှာကို ယနေ့ မေလ ၈ ရက်နေ့စွဲဖြင့် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က လက်မှတ်ရေးထိုး ထုတ်ပြန်ကာပေးအပ်ထားခြင်းဖြစ်ပြီး Rocket အလုံး ၅၀ ဖြင့် ပစ်ခတ်ပြီး ရန်သူကို များစွာထိခိုက်ပျက်စီးအောင် ပစ်ခက်တိုက်ခိုက် နိုင်ခဲ့သည့် အတွက် အထူးဝမ်းသာမိပါကြောင်း ဂုဏ်ပြုလွှာတွင်ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီကို ရွံ့ရွံ့ချွန်ချွန် တိုက်ခိုက်ချေမှုန်း နိုင်ခဲ့သည့် ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဂန့်ဂေါ်ခရိုင် အမှတ် ၈/၉ တပ်ရင်း၊မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Drone) လက်ရုံးတပ်ဖွဲ့ (B.H.S.R.F)၊ နှင့် ကျောက်ထုတိုက်နယ် ပြည်သူ့  ကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်အင်အား ၄၆ ဦးတို့အား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ပါ ကြောင်း ဆက်လက်ရေးသားထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *