Yenanchaung News

0 0
Read Time:2 Minute, 56 Second

ရေနံချောင်းမြို့နယ် စစ်တပ်စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သား၊ပျူ ၅ ဦးသေဆုံးပြီး မြို့နယ် စီမံ ကောင်စီအဖွဲ့ဝင် ဗမသန်းဌေး အပြင်းအထန်ဒဏ်ရာရ

 

D Day News

မေလ ၈

 

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းခွဲခဲ့ရာအကြမ်းဖက်စစ် သား၊ ပျူ ၅ ဦးသေဆုံးပြီး မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။

 

မေလ ၅ ရက် နံနက် ၄ နာရီခန့်က ရေနံချောင်းမြို့နယ်၊ မိုးပေါ်ကန်၊ ညောင်ဇောက်ချောင်းလမ်း မှ မ ကျည်းရိုးအုပ်စု၊ မုန်ကန်ကျေးရွာသို့ ရေနံချောင်းမြို့နယ် စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းဌေး ဦး ဆောင်ပြီး အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒေသခေါ် ဆင်ကော်ရိုး လမ်းဆုံတွင် မိုင်း ၁ ကြိမ်မိပြီး၊ ယာကြီးပြင် အင်တောလမ်းမှ စစ်ကူ ထပ်ဝင်လာစဉ် အုပ် ရှစ်ကုန်းကျေးရွာအထွက်၌ မိုင်း ၂ လုံး တို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မိုင်းထိပြီးတော့ ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေရော၊ သေသွားတဲ့သူတွေရော မကွေးမြို့ကို ချက်ချင်းသယ်သွားတာ။ နောက်ဆက်တွဲသတင်းတော့ မသိရသေးဘူး။ မိုင်းထိပြီးတော့ ပတ်ဝန်း ကျင်ရွာတွေကို ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ ရမ်းသမ်းပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးကတော့ မုန်ကန်ကျေးရွာနဲ့ ကပ်နေတဲ့ ကျွဲပုတ်ရွာထိပ်ကို ၆၀ မမလက်နက်ကြီးတစ်လုံးကျတယ်။ ပြည်သူ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။” ဟု မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းထိမှန်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး ရေနံချောင်းမြို့နယ် စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူး သန်းဌေး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ မကွေးမြို့သို့ ချက်ချင်းသယ်ဆောင်သွားကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မုန်ကန်ကျေးရွာတွင် ၂ ည၊ အုပ်ရှစ်ကုန်းကျေးရွာတွင် ၂ ည အိပ်ကာ ရေနံချောင်းမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ရေနံချောင်း(ပကဖ)၊ မကွေးခရိုင်အမှတ် ၂ တပ်ရင်း၊ Yenanthar Youth Force (YYF) ၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်းနှင့် မကွေးခရိုင်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *