Naung Cho News

0 0
Read Time:2 Minute, 36 Second

နောင်ချိုမြို့နယ်၊ သရက်ကုန်းရွာတိုက်ပွဲအတွင်း စစ်တပ်က ဓာတု အဆိပ်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရဲဘော်အချို့ မူးဝေ၊ အော့အန်မှုဖြစ်၊ ကြည်းလေအင်အားအမြောက်အများအသုံးပြုနေသော်လည်း မန္တလေး PDF တပ်ဖွဲ့မှ အပြည့်အဝ ထိန်းချုပ် (ရုပ်သံ)

 

D Day News

မေလ ၈

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာတိုက်ပွဲအတွင်း အကြမ်းဖက်စစ် တပ်က ဓာတုအဆိပ်ဗုံးကျဲချတိုက်ခိုက်မှုကြောင့် ရဲဘော်အချို့ မူးဝေ၊ အော့အန်ခြင်းဝေဒနာခံစားခဲ့ရ ကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

 

ယနေ့ မေလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီး ဝန်းကျင်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ များ ပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ ဓာတုအဆိပ်သင့်ဗုံးများကို တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ လေကြောင်းမှ တစ်ဆင့် ကျဲချတိုက်ခိုက်ခဲ့ရာ ဓာတုအဆိပ်သင့်ပြီး မန္တလေးပြည် သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့်အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရကြောင်း သိရ သည်။

 

အကြမ်းဖက်စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးမသာတော့သဖြင့် လေကြောင်းတိုက် ခိုက်မှုများ ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံ အသုံးပြု၍ စစ်ဆင်ရေးများ လုပ်ဆောင်လာ သည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက်  ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ လေကြောင်းတိုက်ခိုက်မှု ၄၃ ကြိမ် အထိ ပြုလုပ်ခဲ့ ပြီး ဖြစ်ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရေး အကြမ်းဖက် စစ်ကောင်စီဘက်မှ မြေပြင် အင်အားအလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ် အ ပြင်း အထန်ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းအား အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အသိပေးထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *